ကျောင်းကုန်းမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောင်းကုန်းမြို့တွင် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲ စည်ကားသိုက်မြိုက်စွာကျင်းပ


MNP  -   ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယမန်နေ့ညနေ ၃ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲသို့ မြို့ပေါ်(၅)ရပ်ကွက်နှင့် သစ်ဆိမ့်ကုန်းကျေးရွာ၊ အိုးဘိုကျေးရွာနှင့် မကျီးပင်ကွင်းကျေးရွာ စသည့် ပြိုင်ပွဲဝင်အသင်း(၈)သင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲဝင်အသင်းများအနေဖြင့် ဒယ်အိုး၊ ချက်ပြုတ်ရာတွင် အသုံးပြုမည့် ပစ္စည်းကိရိယာများ၊ ကောက်ညှင်းဆန်(၄)ပြည်နှင့် ထမနဲထိုးရာတွင် ထည့်သွင်းရမည့်ပစ္စည်းများ ယူဆောင်လာရမည်ဖြစ်သည်။


ပြိုင်ပွဲမစတင်မီ အမှတ်ပေးဒိုင်အဖွဲ့က ထမနဲထိုးရာတွင်အသုံးပြုမည့် ပါဝင်ပစ္စည်းများအား လိုက်လံစစ်ဆေးခဲ့ပြီး၊ ပြိုင်ပွဲကိုအချိန်(၁)နာရီ သတ်မှတ်ပေးခဲ့သည်။ အမှတ်ပေးစည်းမျဉ်းမှာ ဝတ်စားဆင်ယင်မှုကို(၁၀)မှတ်၊ အဖွဲ့၏စည်းလုံးညီညွတ်မှုကို (၁၅)မှတ်သန့်ရှင်းမှုနှင့် ကျန်းမာရေးညီညွတ်မှုကို(၁၅)မှတ်၊ ပါဝင်ပစ္စည်း ပြည့်စုံမှုကို(၂၀)မှတ်၊ အရောင်၊ အနံ့၊ အရသာကောင်းမွန်မှုကို (၂၀)မှတ်နှင့် သတ်မှတ်အချိန်တွင်းပြီးစီးမှုကို(၂၀)မှတ်၊ စုစုပေါင်း(၁၀၀)မှတ် သတ်မှတ်ကာအကဲဖြတ်အမှတ်ပေးခဲ့ကြရာ အမှတ်(၄)ရပ်ကွက်က ပထမ၊ သစ်ဆိမ့်ကုန်းကျေးရွာက ဒုတိယ၊ အိုးဘိုကျေးရွာက တတိယနှင့် အမှတ်(၁)ရပ်ကွက်က နှစ်သိမ့်ဆုအသီးသီး ရရှိခဲ့ကြသည်။


ပြိုင်ပွဲအပြီးတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်သန်းက ဆုရရှိကြသည့် အသင်းများအားကြေညာခဲ့ပြီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းက မြန်မာ့ရိုးရာထမနဲထိုးခြင်းသည် စည်းလုံးညီညွတ်မှုကိုအခြေခံ၍ စုပေါင်းအင်အားဖြင့်အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အသင်းများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။ ပထမဆုကို ငွေကျပ်(၁)သိန်း၊ ဒုတိယဆုကို ငွေကျပ်(၇)သောင်းနှင့် တတိယဆုကို ငွေကျပ်(၅)သောင်း၊ နှစ်သိမ့်ဆုကို ငွေကျပ်(၂)သောင်းနှုန်းဖြင့် တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။


ဝင်းကြိုင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)