ကွမ်းလုံမြို့၌ ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးအားကစားပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကွမ်းလုံမြို့၌ ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးအားကစားပွဲ ပိတ်ပွဲအခမ်းအနားကျင်းပ





MNP   -   ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့၌ ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးအားကစားပွဲ ပိတ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ကိုးကန့်တိုင်းရင်းသားယဉ်ကျေးမှုစာပေသင်ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


ရှေးဦးစွာ အဆိုပါအခမ်းအနားသို့ ကိုးကန့်ယဉ်ကျေးမှုစာပေသင်ကျောင်းမှ ဘင်ခရာအဖွဲ့မှဦးဆောင်၍ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းသို့ ချီတက်ဝင်ရောက်နေရာယူခဲ့ကြသည်။ ထို့နောက် ကွမ်းလုံမြို့ ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးအားကစားပွဲကျင်းပရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်မှ အခမ်းအနားသို့ တက်ရောက်လာသူများနှင့် ပြိုင်ပွဲဝင်အားကစားသမားများအား ကျေးဇူးတင်စကားပြောကြားခဲ့သည်။


ယင်းနောက် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ဘာဒီအများဆုံးဆု၊ ပါအများဆုံးဆု၊ လိုင်းနှင့်အနီးဆုံးဆု၊ အဝေးဆုံးရိုက်ချက်ဆု၊  ကျင်းနှင့်အနီးဆုံးဆု၊ အကြိုးစားဆုံးဆုနှင့် အငယ်တန်းအဆင့် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူများကို စစ်ဗျူဟာအဖွဲ့(အခြေချ)ကွမ်းလုံ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းထွန်းနှင့် တာဝန်ရှိသူများမှလည်းကောင်း၊ အကြီးတန်းအဆင့် ပထမဆု၊ ဒုတိယဆု၊ တတိ ယဆုရရှိသူများကို “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် ကွမ်းလုံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်တို့မှ ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဘက်စကတ်ဘောပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသည့်အသင်းများကို ဒေါက်တာမျိုးထွန်းနှင့် တာဝန်ရှိသူများမှလည်းကောင်း ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။


အဆိုပါ ကိုးကန့်တိုင်းရင်းသားရိုးရာ နှစ်သစ်ကူးအားကစားပွဲ ပိတ်ပွဲအခမ်းအနားသို့ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်နှင့်အဖွဲ့ဝင်များ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ)ကွမ်းလုံစစ်ဗျူဟာမှူး ဗိုလ်မှူးကြီး အေးမင်းထွန်း၊ ကွမ်းလုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများနှင့် ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)