ဟုမ္မလင်း၌ မြို့မကျောင်းတိုက်အတွင်း ဓမ္မာရာဗိမာန်တော်လေးထပ်ဆောင်အသစ် ဆောက်လုပ်နေမှု စုပေါင်းလုပ်အားဒါနဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဟုမ္မလင်း၌ မြို့မကျောင်းတိုက်အတွင်း ဓမ္မာရာဗိမာန်တော်လေးထပ်ဆောင်အသစ် ဆောက်လုပ်နေမှု စုပေါင်းလုပ်အားဒါနဆောင်ရွက်



MNP    -    ဖေဖော်ဝါရီ ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက် သာသနာ့ဇောတိကမြို့မကျောင်းတိုက်အတွင်း ဓမ္မာရာဗိမာန်တော်လေးထပ်ဆောင်အသစ် ဆောက်လုပ်လျက်ရှိရာ စုပေါင်းလုပ်အားဒါန ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၈ နာရီက အဆိုပါ ကျောင်း၀န်းအတွင်း၌  ပြုလုပ်ခဲ့ကြကြောင်းသိရသည်။


မြို့မကျောင်းတိုက်အတွင်း ဓမ္မာရာဗိမာန်တော်လေးထပ်ဆောင်အသစ် ဆောက်လုပ်လျက်ရှိရာသို့ ဟုမ္မလင်းတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းဦးနှင့် တပ်ရင်းတပ်ဖွဲ့များ၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးရဲဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဆရာ/မများ၊ မြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံလုပ်သားပြည်သူများ စုစုပေါင်း အင်အား (၁၀၀၀) ဦးခန့်က လုပ်အားဒါန ပါဝင်ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)