MNP - ဖေဖော်ဝါရီ ၇
နေပြည်တော်၌ ကျင်းပမည့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားတွင် ရိုးရာယဉ်ကျေးမှု အကများဖြင့် ဖျော်ဖြေတင်ဆက်ကြမည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များမှ တိုင်းရင်းသား ရိုးရာယဉ်ကျေးမှု အဖွဲ့များသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အထင်ကရနေရာ များသို့ သွားရောက်လေ့လာ ကြသည်။
အဆိုပါ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များသည် ယနေ့နံနက်ပိုင်းမှစ၍ တိရစ္ဆာန်ဥယျာဉ်၊ နက္ခတ်တာရာ ပြခန်၊ နေပြည်တော် မြို့မဈေး၊ အမျိုးသား အထိမ်းအမှတ်ဥယျာဉ်၊ စစ်သမိုင်းပြတိုက်နှင့် အမျိုးသားပြတိုက်တို့သို့ အဖွဲ့နှစ်ဖွဲ့ခွဲကာ သွားရောက်လေ့လာ ကြသည်။
တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့တွင် ကချင်ပြည်နယ်မှ ၃၉ ဦး၊ ကယားပြည်နယ်မှ ၃၈ ဦး၊ ကရင်ပြည်နယ်မှ ၄၀ ၊ ချင်း ပြည်နယ်မှ ၃၂ ဦး၊ မန္တလေးတိုင်း ဒေသကြီးမှ ၃၈ ဦး၊ မွန်ပြည်နယ်မှ ၃၄ ဦး၊ ရခိုင်ပြည်နယ်မှ ၂၈ ဦးနှင့် ရှမ်းပြည်နယ်မှ ၃၈ ဦးတို့ ပါဝင် ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment