ပုဏ္ဏားကျွန်းမြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား(အမျိုးသမီး)ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့၌(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား(အမျိုးသမီး)ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပ





MNP   -   ဖေဖော်ဝါရီ ၁၁

  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့်(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးဖလား ကလပ်ပေါင်းစုံ (အမျိုးသမီး) ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကို ယမန်နေ့၊ ညနေ (၃)နာရီက ရခိုင် ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၊ မြို့နယ်အား ကစားကွင်းကြီး၌ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။


     ဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက အားကစားလောကတွင် ထူးချွန်သည့် အမျိုးသမီးလက်ရွေးစင် ဘောလုံး ကစားသမားများ ပေါ်ထွန်းလာစေရန်နှင့်မြန်မာ့အားကစား အဆင့်အတန်းတိုးတက်မြင့်မားလာစေရန် ရည်ရွယ် ၍(အမျိုးသမီး)ဖူဆယ်ဘောလုံးပြိုင်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး၊ Fighter ကလပ်အသင်းနှင့်ရခိုင့်ဂုဏ်ဆောင်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြသည်။ 


        (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် (အမျိုးသမီး)ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ကလပ်အသင်း (၈)သင်း ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုချီးမြှင့်သွားမည်ဖြစ်ကြောင်းသိရသည်။


နီထွန်းအောင်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)