လက်ပံတန်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုရက်တိုဆရာအတတ် ပညာသင်တန်းဖွင့်လှစ်ပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်း၌ မြို့နယ်အခြေပြုလုပ်ငန်းခွင် အကြိုရက်တိုဆရာအတတ် ပညာသင်တန်းဖွင့်လှစ်ပို့ချ


MNP   -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် မြို့နယ်အခြေပြုလုပ်ငန်းခွင်အကြိုရက်တို ဆရာအတတ်ပညာသင်တန်း (၁/၂၀၂၃)ကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ပညာရေးမှူးရုံးခန်းမတွင်  ဖွင့်လှစ်ဆောင်ရွက်ခဲ့သည်။ သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ဥမ္မာဦးက အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်ကြည်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားသည်။


အဆိုပါ သင်တန်းတွင် နိုင်ငံဝန်ထမ်း ဥပဒေ၊ နည်းဥဒေ၊ ဝန်ထမ်းကျင့်ဝတ်နှင့်မူလတန်းဆင့်‌ ဆရာလမ်းညွှန်စာအုပ်များ စသည့်ဘာသာရပ်များကို မူလတန်းကျောင်းအုပ် ဆရာ၊ ဆရာမကြီးများက သင်ကြားရေးလုပ်ငန်းခွင်ဝင်ရောက်မည့် လက်ထောက်(မူပြ) ဆရာ(၇)ဦး၊ ဆရာမ(၆၆)ဦး စုစုပေါင်း(၇၃)ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ ၅ ရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)