ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုများကို ကြည့်ရှုစစ်ဆေး


MNP   -    ဖေဖော်ဝါရီ ၁၄

အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးနှင့်အတူ ယနေ့ မွန်းလွဲ ၃ နာရီတွင် မေ ၅ ရက်မှ ၁၇ ရက်အထိ ကမ္ဘောဒီးယားနိုင်ငံ၌ အိမ်ရှင်အဖြစ် လက်ခံကျင်းပမည့် (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန်အတွက် နေပြည်တော်၌ စခန်းသွင်းလေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင် အားကစားအဖွဲ့များ၏ ကြိုတင်ပြင်ဆင်လေ့ကျင့်နေမှုကို ကြည့်ရှုစစ်ဆေးသည်။


ဦးစွာ နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားကွင်း Training Hall No.(1) ၌ လေ့ကျင့်လျက်ရှိသည့် ဂျူဒိုအားကစားသမားများအား ဂျပန်နည်းပြ YAMATO HIRANUMA နှင့် မြန်မာနည်းပြ ဆရာ ဆရာမများက စနစ်တကျသင်ကြားလေ့ကျင့်ပေးနေမှု၊ ခြင်းလုံးအားကစားသမားများနှင့် ဗိုဗီနမ် အားကစားသမားများ၏ လေ့ကျင့်နေမှု၊ ဖူဆယ်အားကစားရုံတွင်(Hooptakraw) ဂွင်းသွင်း ခြင်းခတ် အားကစားသမားများ၏ လေ့ကျင့်နေမှု၊ အလေးမအားကစားရုံတွင် အလေးမ အားကစားသမားများ၏ လေ့ကျင့်နေမှု၊ နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်းရှိ (GYM) ခန်းမတွင် ပိုက်ကျော်ခြင်း အားကစားသမားများ၏ (GYM Training) လေ့ကျင့် နေမှု၊ အားနစ်အားကစားသမားများ၏ လေ့ကျင့်နေမှု ကိုလည်းကောင်း၊ ပီတန်းအားကစားသမားများ ၏ လေ့ကျင့်နေမှုတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး အားကစားအဖွဲ့များမှ အုပ်ချုပ်/နည်းပြနှင့် အားကစားသမား များကို (၃၂) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် အချိန်ကာလနီးကပ်လာပြီဖြစ်သည့်အတွက် အားကစား သမားများအနေဖြင့် နည်းပြဆရာ၏ သင်ကြားပေးမှုအတိုင်း ကြိုးစားလေ့ကျင့်ရန်လိုကြောင်း၊ မိမိနိုင်ငံ ဂုဏ်သိက္ခာ မြှင့်တင်နိုင်ရန်နှင့် အဆင့်တန်းမြင့်မြင့်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် ယခုကတည်းက အစွမ်းကုန် ကြိုးစားလေ့ကျင့်ကြရန် လိုကြောင်း၊ ကျန်းမာရေးသည် အဓိကအရေးကြီးသည့်အတွက် နေထိုင်၊ သွားလာ၊ စားသောက်၊ လေ့ကျင့်မှုများတွင် အထူးဂရုစိုက်ကြရန် လိုကြောင်း၊ ကျန်းမာရေးမကောင်း ပါက မိမိတို့ကြိုးစားလေ့ကျင့်ထားမှုများ၊ အရည်အချင်းများ ဖော်ထုတ်ပြသနိုင်မည့် အခွင့်အရေးဆုံးရှုံးနိုင်ပြီး မိမိကိုယ်တိုင်ရော နိုင်ငံအတွက်ပါ နစ်နာဆုံးရှုံးနိုင်ကြောင်း၊ အားကစားသမားများအနေဖြင့် ပြိုင်ပွဲများ ယှဉ်ပြိုင်ရာတွင် အောင်မြင်မှုရရှိရန် နောက်ဆုံးအချိန်ထိ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ဝိရိယ၊ စိတ်ဓာတ်တို့ဖြင့် ရေကုန်ရေခန်း အားသွန်ခွန်စိုက် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်သွားကြရန်လိုကြောင်း၊ မိမိခံနိုင်ရည်အား၊ သက်လုံ၊ ကျွမ်းကျင်မှုများကို ကြိမ်ဖန်များစွာ ပိုမိုတိုးတက် ကောင်းမွန်အောင် နည်းပြများ၏ သင်ကြားပြသလေ့ကျင့်ပေးသည့်အတိုင်း စနစ်တကျလေ့ကျင့်ကြရန်လိုကြောင်း၊ နည်းပြများအနေဖြင့် အားကစားသမားများကို သားသမီးများသဖွယ် ဂရုစိုက်စောင့်ရှောက်၍ လိုအပ်ချက်များ၊ အခက်အခဲများကို ကူညီဆောင်ရွက်ပေးရန်လိုကြောင်း၊ နည်းပြများအချင်းချင်း ညီအစ်ကိုမောင်နှမကဲ့သို့ စည်းလုံးညီညွတ်စွာဖြင့် ပူးပေါင်းဆောင်ရွက် လုပ်ကိုင်သွားကြရန်လိုကြောင်း၊ အားကစားသမားများကို Training ပြုလုပ်ရာတွင် မခိုမကပ်ဘဲ ပြည့်ပြည့်ဝဝလေ့ကျင့်ပြီး မိမိကိုယ်မိမိ ယုံကြည်မှု၊ ခံယူချက်၊ အနိုင်ရလိုစိတ် ပြင်းပြစေရန်အတွက် စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်ခန္ဓာပိုင်းဆိုင်ရာများတွင် အနီးကပ်စောင့်ကြည့်၍ ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ အခက်အခဲများ၊ လိုအပ်ချက်များ၊ ကျန်းမာရေးနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက တာဝန်ရှိသူများမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ သတင်းပို့တင်ပြ နိုင်ကြောင်း မှာကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် နေပြည်တော်အားကစားလေ့ကျင့်ရေးစခန်း Gold Camp ရှိ စားရိပ်သာ(၁)နှင့်(၂)တို့တွင် အားကစားသမားများကို ညနေစာပြင်ဆင် ကျွေးမွေးနေမှု၊ အသီးအရွက်ထားရှိသည့်နေရာနှင့် အသီးအရွက်လှီးဖြတ်သည့် နေရာ၊ ချက်ပြုတ်သည့်နေရာများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး အစားအစာများကို အရသာရှိရှိ၊ အာဟာရနှင့် ညီညွတ်မျှတပြီး သန့်ရှင်းသပ်ရပ်စွာ ချက်ပြုတ်ပြင်ဆင်ဆောင်ရွက်သွားရန် တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)