ဂွမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဥ်ဝန်အားလျှော့ အစီအစဥ်အား ပြည်သူများသို့ အသိပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဂွမြို့နယ်တွင် ဖေဖော်ဝါရီလအတွင်း ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဥ်ဝန်အားလျှော့ အစီအစဥ်အား ပြည်သူများသို့ အသိပေး



MNP   -  ဖေဖော်ဝါရီ  ၈

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက ဖေဖော်ဝါရီလ(၈)ရက်နေ့မှ (၂၈)ရက်နေ့အထိ ဂွမြို့နှင့် ကျိန္တလီမြို့များအတွက် နေ့စဥ်ဝန်အားလျှော့ (Load Shed)အစီအစဥ်အား ပြည်သူများသို့ အသိပေး ဆောင်ရွက်ထားကြောင်း သိရသည်။


ဖေဖော်ဝါရီလ(၈)ရက်နေ့မှ (၂၈)ရက်နေ့အထိ မီးပျက်ချိန်များမှာ ယနေ့တွင် နံနက်၅နာရီမှ ၁၀နာရီအထိနှင့် ညနေ၃နာရီမှည၈နာရီအထိ(၂)ကြိမ်မီးပျက်လျှင် နောက်တစ်နေ့တွင်  နံနက်၃နာရီမှ ၅နာရီအထိ၊ နံနက်၁၀နာရီမှ ညနေ၃နရီအထိ (၂)ကြိမ် နေ့စဥ် အလှည့်ကျ မီးပျက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးလုပ်ငန်းက တာဝန်ရှိသူ၏ ဝန်အားလျှော့အစီအစဥ်တွင် ထုတ်ပြန်ထားကြောင်း သိရသည်။


ထို့ပြင် Line Fault,LDC Load Shed(frequency) နှင့် System Break down များကြောင့် ဓာတ်အားပြတ်တောက်မှုများ ရှိနိုင်ကြောင်း ဝန်အားလျှော့ အစီအစဥ် ထုတ်ပြန်ချက်အရ သိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)