အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ ပါဝင်တက်ရောက်





MNP ၊ ဖေဖော်ဝါရီ ၄

 အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးအောင်မျိုးမြင့်သည် ၂-၂-၂၀၂၃ ရက်နေ့တွင် အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိအာဆီယံအတွင်းရေးမှူးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင်ကော်မတီအစည်းအဝေးသို့ မြန်မာအဆင့်မြင့်အရာရှိကြီး အဖြစ် ပါဝင်တက်ရောက်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ အစည်းအဝေးများအား အင်ဒိုနီးရှားအဆင့်မြင့်အရာရှိကြီးH.E. Sidharto Reza Suryodipuro က အစည်းအဝေးဥက္ကဋ္ဌအဖြစ် ဆောင်ရွက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ အဆင့်မြင့်အရာရှိကြီးများဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များ၊ဂျကာတာအခြေစိုက် အာဆီယံ ဆိုင်ရာအမြဲတမ်းကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဘာသာရပ်ဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


အာဆီယံအဆင့်မြင့်အရာရှိကြီးများအစည်းအဝေး၌ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူစဉ်ကာလအတွင်းဆောင်ရွက်မည့် ဦးစားပေး လုပ်ငန်းစဉ်များ၊ အကြိမ် (၄၀) မြောက်နှင့် (၄၁) ကြိမ်မြောက် အာဆီယံထိပ်သီး အစည်းအဝေးများမှ ချမှတ်ထားရှိသောလုပ်ငန်းစဉ်များ၏ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများ၊ အရှေ့တောင် အာရှချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးသဘောတူစာချုပ် (TAC) သို့ အာဆီယံပြင်ပနိုင်ငံများမှ ပါဝင်လက်မှတ်ရေးထိုးခြင်းဆိုင်ရာကိစ္စ၊ အာဆီယံပြင်ပမိတ်ဖက်ဆက်ဆံရေး၊ ကုလသမဂ္ဂပင်လယ်ပြင်ဥပဒေဆိုင်ရာကွန်ဗင်းရှင်း (UNCLOS) ၏ နှစ် (၄၀) ပြည့် အထိမ်းအမှတ် အာဆီယံ ဒေသတွင်းကွန်ဖရင့်ကျင်းပခြင်းကိစ္စ၊ (၁၂) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းဖိုရမ် နှင့် (၁၀) ကြိမ်မြောက် အာဆီယံပင်လယ်ရေကြောင်းတိုးချဲ့ဖိုရမ်ဆိုင်ရာကိစ္စရပ်များနှင့် ၂၀၂၃ ခုနှစ်အတွင်းကျင်းပမည့် အာဆီယံအစည်းအဝေးများကိစ္စတို့နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးတွင် အာဆီယံဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်က အာဆီယံ ၏ တူညီဆန္ဒ (၅) ရပ်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ၏ ရပ်တည်ချက်နှင့် ဆောင်ရွက်ချက်များ၊ ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကိုရှင်းလင်းပြောကြားပြီး၊ အစည်းအဝေးအစီအစဉ်အလိုက် ဘာသာရပ်များ ခေါင်းစဉ်များအပေါ်တွင်လည်း အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။


အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းမဲ့ရေးဇုန် အလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးတွင်မူအရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ်၏ နောက်ဆက်တွဲစာချုပ်ကိစ္စ၊ အရှေ့တောင်အာရှ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူ စာချုပ်၏ဆုံးဖြတ်ချက်များ၊ အာဆီယံနှင့် လက်တင်အမေရိကနှင့် ကာရေဘီယံဒေသ နျူ လီးယားလက်နက်တားမြစ်ရေးအေဂျင်စီတို့အကြား နားလည်မှုစာချွန်လွှာရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ရန် အဆိုပြုချက်တို့နှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)