MNP - ဖေဖော်ဝါရီ ၂၃
ကလေးသူငယ်အခွင့်အရေးဥပဒေရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ပြည်နယ်လူမှုဝန်ထမ်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။
ရှေ့ဦးစွာ ရခိုင်ပြည်နယ်လူမှုဝန်ထမ်းရုံးမှ ပြည်နယ်ဦးစီးမှူးဦးမြင့်ေဇာ်က ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များ ၊ ဥပဒေပါအချက်အလက်များ ၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်များ ၊ ကလေးသူငယ် မှုခင်းများ ၊ ကလေးသူငယ်များအား ထောက်ပံ့ပေးနေသည့် အခြေအနေများ ၊ ကလေးကာကွယ် စောင့် ရှောက်ရေး နှင့် ကြိုတင်ကာကွယ်ရေးအတွက် ဆောင်ရွက်နေသည့်အခြေအနေများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။
ယင်းနောက် ပြည်နယ်ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်နွယ်က ကလေးသူငယ်များ၏ ကျောင်းပြင်ပ ပညာရေးနှင့်ပတ်သက်၍ ဆောင်ရွက်နေမှုများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသည့်ဌာနဆိုင်ရာများက သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရှိရသည်။ အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေးအသင်းအဖွဲ့များ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost
No comments:
Post a Comment