MNP - ဖေဖော်ဝါရီ ၈
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနသည် ပညာရေးဌာနနှင့် ပူးပေါင်း၍ (၇၆) နှစ်မြောက် ပြည်ထောင်စု နေ့အကြို ဟောပြောပွဲ ၊နံရံကပ်စာစောင် ၊စာအုပ်ပြပွဲ နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲ များကိုယနေ့ နံနက် ၁၀ နာရီက မြို့နယ် ရုံး community centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဘီးလင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ပြည်ထောင်စုနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ရှင်းလင်းဟောပြောခဲ့သည်။
ယင်းနောက် မူလတန်းအဆင့် ပုံပြင်ပြော၊ ကဗျာရွတ်၊စာဖတ်စွမ်းရည် ၊ဘောလုံပစ် ၊ဆေးရောင်ခြယ်၊ ပန်းချီဆွဲ၊ စစ်တုရင်ပြိုင်ပွဲ ၊သားရေကွင်း ကောက်ပြိုင်ပွဲနှင့် ဘောပင်ရေဘူးထည့်ပြိုင်ပွဲများ ကို ကျင်းပပြုလုပ် ပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဉီးတို့က အဖွဲ့များခွဲ၍ ပျော်ရွှင် စွာ ဝင်ရောက်ယှဉ်ပြိုင် ခဲ့ကြသည်။
ဆက်လက်၍ ဟောပြောပွဲသို့ တက်ရောက်လာကြသောကျောင်းသား ၊ကျောင်းသူများအား ပြည်ထောင်စုနေ့ နှင့်ပတ်သက်သည့် နံရံကပ် စာစောင်များ၊ သုတစာအုပ်များ ကို ခင်းကျင်း ပြသခဲ့ရာ စိတ်ဝင်တစား လိုက်လံ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
ထူးနောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment