သဲကုန်းမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သဲကုန်းမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား အိမ်တိုင်ရာရောက် လူမှုရေးပင်စင်ထောက်ပံ့ငွေများပေးအပ်


MNP  -  ဖေဖေါ်ဝါရီ  ၂

နိုင်ငံတော်မှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်အဖြစ် ထောက်ပံ့ငွေများပေးအပ်လျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်ရှိ  မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် ယမန်နေ့မှစတင်ကာ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။


လူမှုရေးပင်စင်အဖြစ် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား နိုင်ငံတော်မှတစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် သုံးလတစ်ကြိမ်ထောက်ပံ့ပေးလျက်ရှိပြီး ယခုထောက်ပံ့ပေးသည့် ဘိုးဘွားတစဦးလျှင် သုံးသောင်းကျပ်ကို ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)အတွက် ပေးအပ်ခြင်းဖြစ်ပြီး သဲကုန်းနယ်မြို့တွင် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား(၁၃၁၄)ဦးရှိရာ တစဦးလျှင် သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ်(၃၉,၄၂၀,၀၀၀)ကို ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)