စစ်တွေမြို့၊အထက(၂)‌ဓမ္မဇေယျခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်တွေမြို့၊အထက(၂)‌ဓမ္မဇေယျခန်းမ၌ လူငယ်စကားဝိုင်းကျင်းပ




MNP  -  ဖေဖော်ဝါရီ၁၀

        ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက်(၁၀၃၀)ချိန်က အထက(၂)ဓမ္မဇေယျခန်းမ၌ လူငယ်များအသိပညာ၊အတတ်ပညာမြင့်မားပြီးအမှားအမှန်ခွဲခြားတတ်စေရန်၊ ဘက်စုံတော်သည့်လူငယ်များဖြစ်လာေစရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းအား ကျင်းပပြုလုပ်ခဲ့သည်။


  အဆိုပါ စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ခင်ယုယုနွယ်(လက်ထောက်ညွှန်ကြားရေးမှူး)က လူငယ်များဟာအနာဂတ်ကြယ်ပွင့်လေးများဖြစ်ပြီး နိုင်ငံတော်အတွက်လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်ကပညာရေး၊ကျန်းမာရေး၊လူမှုရေး၊စီးပွားရေးနှင့်ယဉ်ကျေးမှုစတဲ့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေမှာ လူငယ်ရေးရာကိစ္စများကို အားကြိုးမာန်တက်ဆောင်ရွက်လျှက်ရှိပါကြောင်းနှင့် လူငယ်များအတွက်ရည်ရွယ်၍ စကားဝိုင်းများပြုလုပ်ရခြင်းဖြစ်ပါကြောင်း ဆွေးနွေးခဲ့သည်။


 ဆက်လက်၍ စကားဝိုင်းကျင်းပရာ အထက(၂)၊Grade10ကျောင်းသား မောင်အောင်မျိုးခန့်က လူငယ်နှင့်စည်းကမ်းခေါင်းစဉ်ဖြင့်ဆွေးနွေးရာလူငယ်နှင့်စည်းကမ်းသည်ဒွန်တွဲလျှက်ရှိပါကြောင်း၊ အသိဉာဏ်ရှိတဲ့လူတိုင်းစည်းကမ်းရှိကြပါကြောင်း၊ အချိန်လေးစား၍ လူငယ်များအပါအဝင်နိုင်ငံသူနိုင်ငံသားများအားလုံးစည်းကမ်းရှိပြီးတိုးတက်အောင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဆွေးနွေးရာ ဒေါ်ခင်ယုယုနွယ်က အပြန်အလှန်ထပ်ဆင့်ရှင်းလင်းဆွေးနွေးခဲ့သည်။


   ဆက်လက်၍ Grade10ကျောင်းသူ မချမ်းမြေ့ကေခိုင်က Social mediaသုံးစွဲခြင်းကောင်းကျိုး၊ဆိုးကျိုးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade10 ကျောင်းသားမောင်အောင်ကိုခန့်က လူငယ်နှင့်မူးယစ်ဆေးဝါးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade 11ကျောင်းသူ မနီနီလင်းရွှေက လူငယ်နှင့်စာအုပ်စာပေခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီးဆွေးနွေးခဲ့ကြသည်။


  အဆိုပါဆွေးနွေးပွဲသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းများ၊ ဆရာဆရာမများ၊ကျောင်းသားကျောင်းသူများစုစုပေါင်း(၁၀၀)ဦးတက်ရောက်ခဲ့ကြောင်းနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှထုတ်ဝေသည့် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များလည်းဖြန့်ဝေခဲ့ကြကြောင်းသတင်းရရှိသည်။


    ဇူလိုင်ကြယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)