ရေဖြူ၌ ယခုနှစ်သီဟိုဠ်စေ့ များဈေးကောင်းရရှိပြီး မနှစ်ကထက် တစ်ပိဿာ ၃၀၀၀ကျော်ဈေးပို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေဖြူ၌ ယခုနှစ်သီဟိုဠ်စေ့ များဈေးကောင်းရရှိပြီး မနှစ်ကထက် တစ်ပိဿာ ၃၀၀၀ကျော်ဈေးပို




MNP  -  ဖေဖော်ဝါရီ ၂၄

ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၌ နှစ်ရှည်သီးနှံပင်ဖြစ်သော ရော်ဘာ၊ ကွမ်းသီးနှင့် သီဟိုဠ်ကို အဓိကထား စိုက်ပျိုးကြကြောင်း သိရသည်။ ရေဖြူမြို့နယ်၊ ဧကနိကျေးရွာသည် သီဟိုဠ် စိုက်ပျိုးရာ တစ်နိုင်ငံလုံးတွင် သီဟိုဠ်ပင်ဧက အများဆုံး စိုက်ပျိုးထားသော ကျေးရွာဖြစ်သည်။


ယခင်နှစ်က အထွက်နှုန်းကောင်းပြီး  တစ်ပိဿာဈေးမှာ ၅၀၀၀ ကျော်ဝန်းကျင် ရှိလာရာ မနှစ်ကထက် ရာသီထက် သီဟိုဠ်စေ့ တစ်ပိဿာဈေးမှာ ၃၀၀၀ ကျပ်‌ကျော် ပိုတိုးလာသည်အထိ ဈေးရရှိနေကြောင်း သိရသည်။


"မနှစ်က ဈေးကကောင်းပေမယ့် သီဟိုဠ်ရာသီမှာ ပန်းပွင့်ချိန်၌ နှင်းထူတပ်ကာ ထားဝယ်အခေါ် နှင်းခါးကျဆင်းတာရယ်၊ မိုးရွာတာရယ်ကြောင့် အသီးတင်မှု နည်းပါးကြောင်း" သီဟိုခြံပိုင်ရှင် ဒူးတောင်ရွာသားတစ်ဦးက ပြောသည်။


" နှစ်တိုင်း အချိန်တစ်ထောင်ကျော်ရတယ်၊ ဒီနှစ်တော့ ဈေးကောင်းလို့ မိသားစုစားဝတ်နေရေး အဆင်ပြေကြောင်း" ဟု ဧကနိကျေးရွာက ဦးမောင်စိုးက ပြောသည်။


ရေဖြူဒေသထွက် သီဟိုဠ်စေ့များကို ထားဝယ်မြို့ပွဲရုံများသို ရောင်းချကြပြီး ထားဝယ်မြို့ သီဟိုဠ်လုပ်ငန်းရှင်များက သီဟိုဠ် အစေ့အဆံများကို စားသောက်ဖွယ် တစ်မျိုးအဖြစ် ထုတ်လုပ်၍ ပြည်တွင်းပြည်ပသို့ တင်ပို့ရောင်းချကြောင်း သိရသည်။


ခတ္တာ

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)