MNP - ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ဖြစ်ကြောင်း သိရသည်။
အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို မအီမြို့၊ အထက်တန်းကျောင်းရှေ့ အားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်သည်။ ပါဝင်ယှဉ်ပြိုင်လိုသည့် အသင်းများအနေဖြင့် အားကစားဝတ်စုံအပြည့်ပါရှိသည့် အသင်းသား ၉ ဦးနှင့် အသင်းဝင်ကြေးအနေဖြင့် ၁၅၀၀၀ ကျပ်ကို ပေးသွင်းရမည်ဖြစ်ပြီး အားကစားဖိနပ်မပါဘဲလည်း ဝင်ရောက်ယှဉ်ပြိုင်ကစားနိုင်ကြောင်း ခွင့်ပြုထားသည်။
အဆိုပါ (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေးအတွက် အဆုံးအဖြတ်အစည်းအဝေးကို ဖေဖော်ဝါရီ ၆ ရက်၊ နေ့လယ် ၁ နာရီအချိန်တွင် မြို့အုပ်ချုပ်ရေးမှူးရုံးခန်း၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပါဝင်ယှဉ်ပြိုင်မည့် အသင်းများအနေဖြင့် မြို့အုပ်ချုပ်ရေးမှူးထံ၌ တိုက်ရိုက်စာရင်းပေးသွင်းနိုင်သလို စွာစိ(မိတ္တူဆိုင်)နှင့် အမှတ်(၃)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဇော်ဝင်းလေးထံတွင် ကြိုတင်စာရင်းပေးသွင်းနိုင်ကြောင်း၊ စာရင်းပေးသွင်းလက်ခံခြင်းများကို ဖေဖော်ဝါရီလ ၆ ရက်နေ့တွင် စာရင်းပိတ်သွားမည်ဖြစ်ပါကြောင်းတို့ကို ပြိုင်ပွဲကျင်းပရေးကော်မတီမှ ကိုကျော်စွာထွန်းက ပြောကြားခဲ့သည်။ အဆိုပါ အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ချီးမြှင့်ပေးသွားမည့် ဆုများအနေဖြင့် ပထမဆု- ၃၀၀၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀၀၀၀ ကျပ်နှင့် တတိယဆု- ၁၀၀၀၀၀ ကျပ်တို့ကို ချီးမြှင့် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မောင်မောင်ဌေး
https://t.me/MyanmarNationalPost
No comments:
Post a Comment