စမ်းချောင်းမြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်၌ မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေး​ဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲကျင်းပ


MNP   -    ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်း​ဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ် လင်းလွန်းတောင်ရပ်ကွက်၊ အမှတ်(၁၃)အ​ခြေခံပညာမူလတန်း​ကျောင်း၌ ယ​နေ့နံနက်( ၁၁ )နာရီခွဲအချိန်က မူးယစ်​ဆေးဝါးအန္တရာယ်ကာကွယ်​ရေး အသိပညာ​ပေးဟော​ပြောပွဲနှင့် နံရံကပ်စာ​စောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့သည်။


အဆိုပါ​ဟော​ပြောပွဲတွင် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီလာစိုးက ကျောင်းသား​ကျောင်းသူများ ငယ်ရွယ်စဉ်အချိန်၌ မူးယစ်​ဆေးဝါးများကို စမ်းသပ်ခြင်းမပြုလုပ်ကြရန်၊ မူးယစ်ထုံထိုင်း​​စေသည့်​ဆေးများ သုံးစွဲခြင်း​ကြောင့်ဖြစ်​ပေါ်လာမည့် စိတ်ပိုင်းနှင့်ရုပ်ပိုင်းဆိုင်ရာ ဆိုးကျိုးများအ​ကြောင်း၊ မူးယစ်အစ​ဆေးလိပ်ကဆိုသည့်အတိုင်း ဆေးလိပ်​သောက်သုံးခြင်းမပြုကြရန်စသည်ဖြင့် ဟော​ပြော​ဆွေး​နွေး ခဲ့သည်။


ထို့​နောက်ကျောင်းသား၊ ကျောင်းသူများအား မူးယစ်​ဆေးဝါးအန္တရာယ် အသိပညာ​ပေး နံရံကပ်စာစောင်များ ပြသခဲ့ရာ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြ​ကြောင်း သိရသည်။


နီလာစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)