လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရာတွင် ရာသီသီးနှံပင်နှင့်နှစ်ရှည်ပင်များ ပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအားလျော်ကြေးငွေပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရာတွင် ရာသီသီးနှံပင်နှင့်နှစ်ရှည်ပင်များ ပျက်စီးဆုံးရှုံးသွားသည့် တောင်သူများအားလျော်ကြေးငွေပေးအပ်

 




MNP   -    ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူ (ဟင်းငုတ်ပင်) လျှပ်စစ်ဓာတ်အားလိုင်း တည်ဆောက်ရာတွင် ပျက်စီးဆုံးရှုံးသွားသော ရာသီသီးနှံပင်နှင့်နှစ်ရှည်ပင်များအတွက် တောင်သူများအား လျော်ကြေးငွေပေးလျော်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ပြုလုပ်သည်။


အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုး ညှိနှိုင်းရေးကြီးကြပ်မှုအဖွဲ့နှင့် ဒေသခံတောင်သူများ တက်ရောက်ကြသည်။ အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကားပြောကြားပြီး လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာရုံး(၂)သာယာကုန်း လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနိုင်ဝင်းက လျှပ်စစ်ဓာတ်အားလိုင်းများ တည်ဆောက်ရာတွင် ဓာတ်အားလိုင်းကြိုး၏‌‌ ပေ၁၅၀အတွင်း ပါဝင်သော ရာသီသီးနှံပင်နှင့် နှစ်ရှည်ပင်များ ပျက်စီးဆုံးရှုံးမှုအတွက် မြို့နယ်သက်ဆိုင်ရာအဖွဲ့အစည်းများ၏ အဆင့်ဆင့်တင်ပြမှုအပေါ် နိုင်ငံတော်မှ တောင်သူများ နစ်နာဆုံးရှုံးမှုမရှိစေရန် ချိန်နှုန်းတစ်ခုသတ်မှတ်၍ လျော်ကြေးငွေအဖြစ်ပေးလျော်ခြင်းဖြစ်ကြောင်း၊ ယခုလျော်ကြေးငွေပေးလျော်ခြင်းသည် ၂၃၀ ကေဗွီ စပါးကြွယ် (ဘုရားကြီး)ဓာတ်အားခွဲရုံနှင့် တောင်ငူ(ဟင်းငုတ်ပင်) ဓာတ်အားခွဲရုံကြား လျှပ်စစ်ဓာတ်အားလိုင်း ဖြတ်သန်းတည်ဆောက်ရာတွင် အုတ်တွင်းမြို့နယ်အတွင်း ၁၀ ဒသမ ၅မိုင်ဓာတ်အားလိုင်းနှင့် မလွတ်ကင်းသော ရာသီသီးနှံပင်များနှင့် နှစ်ရှည်ပင်များ ပျက်စီးဆုံးရှုံးမှုအတွက် လျော်ကြေးငွေပေးလျော်ခြင်းဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍၂၃၀ ကေဗွီ စပါးကြွယ်-တောင်ငူ(ဟင်းငုတ်ပင်) ဓာတ်အားလိုင်းဖြတ်သန်းတည်ဆောက်ရာတွင် အုတ်တွင်းမြို့နယ်အတွင်း ပျက်စီးဆုံးရှုံးသွားသော ရာသီသီးနှံနှင့်နှစ်ရှည်ပင်များအတွက် တောင်သူ ၆၃ ဦးအား ငွေကျပ် ၄၁၄၆၉၀၀၀ ပေးလျော်ခဲ့ကြောင်း၊ ၅၀၀ ကေဗွီ ဓာတ်အားလိုင်း ဖြတ်သန်း တည်ဆောက်မှုအတွက် တောင်ငူ၊ ဖြူး၊ ဒိုက်ဦးမြို့နယ်များတွင်လည်း လျော်ကြေးငွေများ ပေးလျော်ခဲ့ပြီးဖြစ်ကြောင်းနှင့် ကျန်မြို့နယ်များသို့လည်း ဆက်လက်ပေးလျော်သွားမည်ဖြစ်ကြောင်း လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာရုံး(၂)သာယာကုန်းမှ သိရသည်။


အေမင်းရည်စော

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)