ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပန်းတောင်းမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ရှင်းလင်းခြင်း အစည်းအဝေးကျင်းပ



MNP   -   ဖေဖော်ဝါရီ ၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၃ ဇန်နဝါရီလအထိ ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ရှင်းလင်းခြင်းအစည်းအဝေးကို ယနေ့နံက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရမှ ပန်းတောင်းမြို့နယ် ဒေသဆိုင်ရာအချက်အလက်များအား ရှင်းလင်းတင်ပြခဲ့ပြီး ဗိုလ်မှူးကြီးမြဦးမှ ပန်းတောင်းမြို့နယ်ဖွံ့ဖြိုးတိုတက်ရေးလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့အား ဗိုလ်မှူးချုပ်ဌေးအောင်ဥက္ကဋ္ဌအပါအဝင် အဖွဲ့ဝင်(၁၄)ဦးဖြင့်ဖွဲ့စည်းထားရှိပြီး မိမိနှင့်အတူ ကပစစက်ရုံမှူးများလည်းပါဝင်ကြောင်း၊ ယခုလာရောက်ခြင်းမှာ ပန်းတောင်းမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက်များ၊ လိုအပ်သည့်အထောက်အပံ့များ၊ ပံ့ပိုးကူညီရမည့်လုပ်ငန်းများ တင်ပြကြရန်၊ MSME အသေးစားအလတ်စားစက်မှုလုပ်ငန်းများမှာ လိုအပ်ချက်များ၊ အားနည်းချက်များ တင်ပြကြရန်နှင့် နောက်ရက်တွင် မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်ဌေးအောင်လာရောက်ရန်ရှိကြောင်း၊ ဌာနဆိုင်ရာများမှလည်း လိုအပ်ချက်များ ပွင့်ပွင့်လင်းလင်းတင်ပြကြရန်စသည်ဖြင့် ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးအောင်သူရမှ ကျေးလက်မီးလင်းရေး၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေး၊ အဝေးပြေးလမ်းမကြီးများ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ တိုးတက်ဆောင်ရွက်ပေးရန်တင်ပြခြင်း၊ မြို့နယ်ဆရာဝန်ကြီးဒေါက်တာသန်းထိုက်စိုးမှ ဆေးရုံရှေ့အုတ်တံတိုင်းအသစ်ပြုလုပ်ပေးရန်၊ မြို့နယ်ဥပဒေအရာရှိ ဦးခင်မောင်ထွေးမှ ရုံးခြံစည်းရိုးအသစ်ပြုလုပ်ပေးရန်၊ မြို့နယ်ပညာရေးမှူး ဦးသိန်းဒန်မှ ကျောင်းဆောင်သစ်များတိုးချဲ့ဆောက်လုပ်ပေးရန်၊ ကိုင်းကြီးကျေးရွာအုပ်စု ကိုင်ကြီးကျေးရွာရပ်မိရပ်ဖဦးမျိုးမင်းနိုင်(ခ)ကိုဌေးမှ ကိုင်ကြီးကျေးရွာနှင့် ဘူးဘတ်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလမ်းဖောက်လုပ်ပေးရန်တို့အား အသီးသီးတင်ပြခဲ့ကြရာ ဗိုလ်မှူးကြီးမြဦးမှ ပြန်လည်ဆွေးနွေးခဲ့ကြောင်း သိရသည်။


အခမ်းအနားသို့ ဗိုလ်မှူးကြီးမြဦး၊ ကပစ(၃)စက်ရုံမှူးဗိုလ်မှူးကြီးမောင်းစိုး၊ ကပစ(၆)စက်ရုံမှူးဗိုလ်မှူးကြီးတိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌဦးအောင်သူရနှင့်အဖွဲ့ဝင်များ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်းအင်အား(၄၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိသည်။


သင်းသင်းအေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)