မြောက်ဦးမြို့နယ် သရက်တောကျေးရွာ င/ရကောက်ချောင်းကူး သံကူကွန်ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးလျှက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့နယ် သရက်တောကျေးရွာ င/ရကောက်ချောင်းကူး သံကူကွန်ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်း တည်ဆောက် ပြီးစီးလျှက်ရှိ




MNP  -   ဖေဖော်ဝါရီ  ၂၄ 

ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်သော သရက်တောကျေးရွာ၊ င/ရကောက်ချောင်းကူးသံကူ ကွန်ကရစ် တံတားကို ၂၀၂၀ ခုနှစ် မှ စတင် ၍ တည်ဆောက်လျှက်ရှိပြီး ယခုအချိန်တွင် င/ ရ ကောက်ချောင်းကူးသံကူကွန် ကရစ်တံတား ၉၉.၉ ရာခိုင်နှုန်းတည် ဆောက်ပြီးစီး လျှက်ရှိ ကြောင်း သိရသည်။


မြောက်ဦးမြို့နယ် ဒေသဖွံ့ဖြိုးရေးအတွက် အထောက်အကူပြုသော င/ရကောက်ချောင်းကူးသံကူ ကွန်ကရစ်တံတား ပြီးစီးပါက ဆူရာဇ်ချောင်းကျေးရွာ ၊ ကတိုးကျေးရွာ ၊ မောင်းဆွဲကျေးရွာ ၊ သံရှင်ပြင် ၊ မျောက်ချောင်းကျေးရွာ ၊ ပလိပေါက်ကျေးရွာ ၊ ကျေးပင်လယ် စသော ကျေးရွာများမှ ထွက်ရှိသော ဆန်၊ စပါးများ ၊ ဟင်းသီးဟင်းရွက်များ ၊ သား၊ ငါး ၊ ပုဇွန် ၊ ဂဏန်း များ စသော လယ်ယာ ထွက်ကုန်ပစ္စည်းများ နှင့် ရေလုပ်ငန်းများမှ ရရှိသော သား၊ငါး ၊ ပုဇွန် များကို မြောက်ဦးမြို့ နှင့် ဆက်စပ်လျှက်ရှိသော မင်းပြားမြို့ ၊ ကျောက်တော်မြို့၊ ပုဏ္ဏားကျွန်းမြို့ ၊ စစ်တွေမြို့ နှင့် ရန်ကုန်မြို့ ၊မန္တလေးမြို့ကြီးများသို့လည်းသယ်ယူပို့ဆောင် သွားလာ ရောင်းချ နိုင်မည်ဖြစ်သောကြောင်း ကျေးလက်နေပြည်သူများအနေဖြင့် လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာ မည်ဖြစ်ကြောင်း သိရသည်။


ထို့အပြင် တံတားပြီးစီးပါက တံတားနှင့်ဆက်စပ်လျှက်ရှိသော ကျေးရွာ၊ အုပ်စု (၃၂) ရွာ မှ ကျေး လက်နေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး ၊ စီးပွားရေး ၊ လူမှုရေး စသော လိုအပ် ချက် များ ကို လည်း အလွယ်တကူသွားလာဖြည်းဆည်းနိုင်မည် ဖြစ်သောကြောင့် ဒေသခံပြည်သူများ အနေ ဖြင့် စိတ်အေး ချမ်း သာစွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။


အဆိုပါ တံတားမှာ တံတားအရှည် ၂၀၀ ပေ ၊ အနံ ၁၈ ပေ ရှိပြီး င/ရကောက် ချောင်းကူးသံကူ ကွန်ကရစ်တံတား မှာ ၉၉.၉ ရာခိုင်နှုန်းပြီးစီးပြီးဖြစ်၍ တံတား၏ ဘေးနှစ်ဖက် ချဉ်းကပ်လမ်း ဆောင်ရွက်ခြင်းနှင့် ကျောက်ချောလမ်းခင်းခြင်းကိုလည်း ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် (ပြည် ထောင်စု) ခွင့်ပြုရန်ပုံငွေဖြင့် မင်းပြည့်ဖြိုးစံ ဆောက်လုပ်ရေး ကုမ္ပဏီ မှ တာဝန်ယူ ဆောင် ရွက်လျှက် ရှိကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)