MNP - ဖေဖော်ဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ ဝန်ထမ်းများက (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် မြို့မအနောက် အခြေခံပညာမူလတန်းကျောင်း၌ ယနေ့နံနက်(၉)နာရီခွဲက စာဖတ်ရှိန်မြင့်မားရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲများ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာကြီး ဦးကြည်ထွန်းမှ ကျောင်းသား၊ ကျောင်းသူများအား ယဉ်ကျေးလိမ္မာမူရှိစေရန်နှင့် စည်းကမ်းရှိစေရန် အကြောင်းအရာများပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဒုတိယဦးစီးမှူးတို့က ပြည်ထေင်စုနေ့ဖြစ်ပေါ်လာပုံအကြောင်း၊ ရှေးအစဉ်အဆက်ကတည်းက ပြည်ထောင်စုအဖြစ်နေထိုင်ခဲ့ကြပုံအကြောင်းများ၊ မျိုးချစ်စိတ်ရှိသော်လည်း စည်းလုံးမှုမရှိ၍ အောင်မြင်မှုမရရှိပုံနှင့် စည်းလုံးညီညွတ်၍အောင်မြင်မှုရရှိပုံနှင့် ပြည်ထောင်စုစိတ်ဓာတ်အမြဲအဓွန့်ရှည်အောင် ကြိုးပမ်းရမည့်အကြောင်းအရာများကို ဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ ပြည်ထောင်စုနေ့အကြောင်း အသိပညာပေးနံရံကပ်စာစောင်ပြပွဲများကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
သီတာအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment