စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) သို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၃) သို့ တက်ရောက်



MNP   -    ဖေဖော်ဝါရီ ၁၄

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၂/၂၀၂၃)ကို ဖေဖော်ဝါရီလ ၁၄ ရက်နေ့၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမတွင်ကျင်းပရာ အစည်းအဝေးသို့ တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြုပ်နှံမှုကော်မတီအဖွဲ့ဝင်များနှင့် ကုမ္ပဏီမှတာဝန်ရှိသူများ တက်ရောက်ကြသည်။


ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ယနေ့ကျင်းပသည့် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေးတွင် ဆန်နှင့်သီးနှံကြိတ်ခွဲရေးသုံးစက်ပစ္စည်းများ ထုတ်လုပ်ခြင်း လုပ်ငန်းဆောင်ရွက်နေသည့် NCY International Co., Ltd. ၏ တည်ဆောက်ရေးကာလ သက်တမ်းတိုးမြှင့်ပေးရန်အတွက် ယခုအစည်းအဝေးတွင် ဝိုင်းဝန်းဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်အနေဖြင့် MSMEs လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကုန်စည်ပြပွဲများကျင်းပပေးခြင်း၊ နိုင်ငံတော်အဆင့် National MSMEs Award ဆုများ ချီးမြှင့်ပေးခြင်း၊ နည်းပညာများဖြန့်ဖြူးပေးခြင်း၊ MSMEs လုပ်ငန်းများနှင့် ဝန်ထမ်းများအတွက် အရည်အသွေးမြှင့်တင်မှု သင်တန်းများကျင်းပပေးခြင်း၊ ငွေကြေးနှင့်သက်ဆိုင်သည့် အထောက်အကူများပေးခြင်း၊ အတိုင်ပင်ခံဝန်ဆောင်မှုပေးခြင်းအစရှိသည့် အဓိကအထောက်အကူပြု ဝန်ဆောင်မှုလုပ်ငန်းများအား နိုင်ငံတော်အနေဖြင့် ပံ့ပိုးကူညီဆောင် ရွကပေးလျက်ရှိပါကြောင်း၊ စစ်ကိုင်းစက်မှုဇုန်တွင် သံနှင့်သံမဏိအခြေခံ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတစ်ခု နှင့်ရွှေဘိုမြို့တွင် ဆန်စက်လုပ်ငန်းတစ်ခု လာရောက်ရင်းနှီးမြှုပ်နှံမယ်လို့ သိရှိရပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအသစ်များ ဝင်ရောက်မှသာ ဒေသခံပြည်သူများ အလုပ်အကိုင်ဖန်တီးပေးနိုင်မည်ဖြစ်လို့ ကော်မတီအတွင်းရေးမှူးနှင့် ကော်မတီအဖွဲ့ဝင်များအနေဖြင့် ဖိတ်ခေါ်ဆောင် ရွက်သွားရန်လိုအပ်သလို ရှိရင်းစွဲရင်းနှီးမြှုပ်နှံမှုများကိုလည်း တာဝန်ယူမှု၊ တာဝန်ခံမှုရှိသည့်


ရင်းနှီးမြှုပ်နှံမှုများ ပေါ်ထွန်းလာရေးအတွက် စိစစ်ကြပ်မတ် ဆောင်ရွက်သွားကြရန် လိုအပ် ပါကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌမှလည်း မြေပေါ်မြေအောက်သယံဇာတ ပစ္စည်းများအား ကုန်ကြမ်းအတိုင်းရောင်းချခြင်းမဟုတ်ဘဲ ကုန်ချောပစ္စည်းများအဖြစ် ထုတ်ကုန်များထုတ်လုပ်၍ တင်ပို့ရောင်းချကာအကျိုးရှိရှိ အသုံးချသွားရန် လမ်းညွှန်ခဲ့သည့်အတွက် ‌ဒေသခံလုပ်ငန်းရှင်များကို နည်းပညာအထောက်အပံ့ပေးနိုင်ရေး နည်းလမ်းများရှာသွားကြရန် လိုအပ်ပါ ကြောင်း ပြောကြားခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မေမျိုးဇော်က ယခင်အစည်းအဝေးဆုံးဖြတ်ချက်များ၏ ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းအခြေအနေများနှင့် ဆန်နှင့်သီးနှံကြိတ်ခွဲရေးသုံးစက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်နေသည့် NCY International Co., Ltd. ၏ တည်ဆောက်ရေးကာလ ပထမအကြိမ် သက်တမ်းတိုးမြှင့်ပေးရန်တင်ပြလာခြင်း၊ ဒီဇင်ဘာလနှင့် ဇန်နဝါရီလအတွင်း ကွင်းဆင်းဝန် ဆောင်မှုပေးခဲ့မှုများ လုပ်ငန်းများနှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းတင်ပြပြီး NCY International Co., Ltd. မှ တာဝန်ရှိသူတစ်ဦးက မိမိတို့၏စက်ရုံမှ စွန့်ဦးတည်ထွင်ထုတ် လုပ်သွားမည့် စက်ပစ္စည်းများနှင့် ပတ်သက်၍ ရှင်း လင်းတင်ပြသည်။


ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များကရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့် ပတ်သက်၍ အသီးသီးဆွေးနွေး တင်ပြကြသည်။


ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က တက်ရောက်လာသူများ၏ အသီးသီးရှင်းလင်း ဆွေးနွေးတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ်စကားပြောကြားပြီး အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)