ပေါက်တောမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း (၂၀၂၃)မြို့နယ်အဆင့်အသိပေး ဆွေးနွေးပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်တောမြို့၌ ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း (၂၀၂၃)မြို့နယ်အဆင့်အသိပေး ဆွေးနွေးပွဲပြုလုပ်




MNP   -    ဖေဖော်ဝါရီ   ၇

            ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့တွင် ဆင်ခြေထောက်ရောဂါကင်းဝေးရေး လူအားလုံး ဆေးသုံးမျိုးပေါင်း တိုက်ကျွေးခြင်းလုပ်ငန်း(၂၀၂၃) မြို့နယ်အဆင့် အသိပေး ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၃ နာရီက မြို့နယ်ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။ 


ရှေးဦးစွာ မြို့နယ်ကုသရေးဦးစီးမှူး ဒေါက်တာကိုကိုအောင်က ဆင်ခြေထောက်ရောဂါသည် ရုတ်တရက်သေစေနိုင်သော ရောဂါ မဟုတ်သော်လည်း ခြေလက်အင်္ဂါ ဥပဓိရုပ် ပျက်ယွင်းခြင်းကြောင့် လူမှုရေးနှင့် စီးပွားရေးတွင် ထိခိုက် နစ်နာဆုံးရှုံးမှုရှိနိုင်သော ရောဂါတစ်ခု ဖြစ်ကြောင်း၊ ဆင်ခြေထောက်ရောဂါ ကင်းဝေးရေး ရည်မှန်းချက်အရ ၂၀၀၁-ခုနှစ်မှ စတင်ပြီး လူအားလုံး ဆေးသုံးမျိုးပေါင်းတိုက်ကျွေးခြင်းလုပ်ငန်း  ဆောင်ရွက်ခြင်းကြောင့်  ယခုအချိန်တွင် လူဦးရေ (၁၀၀၀)လျှင် ဆင်ခြေထောက် ရောဂါပိုးရှိသူ တစ်ဦးနှုန်းအောက် ကျဆင်းသွားသည့်ခရိုင် (၃၀)ကို ဆင်ခြေထောက်ကင်းဝေးရေး ဒေသအဖြစ် သတ်မှတ်နိုင်ပြီဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။


ဆက်လက်၍ ဆင်ခြေထောက်ရောဂါကင်းဝေးရေးအတွက် ဆေးသုံးမျိုးပေါင်းတိုက်ကျွေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူး ဆယ်အိမ်မှူးများ၊ မိခင်ကလေး အမျိုးသမီးရေးရာအဖွဲ့များ၊  ကြက်ခြေနီအသင်းနှင့် စေတနာ့ဝန်ထမ်းများက အိမ်တိုင်ရာရောက် ကွင်းဆင်းတိုက်ကျွေးမည်ဖြစ်ကြောင်း ပြောကြားသည်။ 


ဆွေးနွေးပွဲသို့ မြို့နယ်အဆင့် ဌာနဆိုင်ရာ(၂၅)ဦး တက်ရောက်ခဲ့ကြပြီး၊ တက်ရောက်လာသူများမှ ဆင်‌ခြေထောက်ရောဂါနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဆရာဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့‌ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)