စဉ့်ကူးမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စဉ့်ကူးမြို့နယ်တွင် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ






MNP  -   ဖေဖော်ဝါရီ   ၂၁ 

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော သဘာဝဘေးအန္တရာယ်များအနက်မှ ငလျင်ဘေး အန္တရာယ်သည် ကြိုတင်ခန့်မှန်း၍မရသည့်အပြင် ထိခိုက်ပျက်စီးဆုံးရှုံးမှု များပြားသည့် ဘေးအန္တရာယ်တစ်ခုဖြစ်သည့်အတွက် ငလျင်ဘေး ဖြစ်ပွားလာပါက မည်သို့တုံ့ပြန်ဆောင်ရွက်ရမည်ကို သိရှိလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်အတွက် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲနှင့် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်း သရုပ်ပြပွဲအခမ်းအနားကို စဉ့်ကူးမြို့နယ် လက်ပန်လှကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ဖေဖော်ဝါရီလ ၂၁ ရက်နေ့နံနက် (၉)နာရီအချိန်က ကျင်းပသည်။


ရှေးဦးစွာ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင် က အဖွင့်အမှာစကား ပြောကြားပြီး စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော် က ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှုလျော့နည်းစေရန်နှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများကို ထိရောက်လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်စေရန် ဆောင်ရန်/ရှောင်ရန်အချက်များနှင့် ငလျင်ဘေးနှင့် ပတ်သက်၍ သိမှတ်ဖွယ်ရာများအား အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်၍ လက်ပန်လှကျေးရွာ ကျန်းမာရေးမှူး ဦးဇော်မိုးလွင် က ကျန်းမာရေးဆိုင်ရာများအား အသိပညာပေး ဟောပြောခဲ့သည်။


ထို့နောက် ငလျင်ဘေးအန္တရာယ်ကျရောက်လာပါက ထိခိုက်ဆုံးရှုံးမှု အနည်းဆုံးဖြစ်အောင် တုံ့ပြန် ဆောင်ရွက်နိုင်ရေးအတွက် ကြိုတင်ဇာတ်တိုက်လေ့ကျင့်ခြင်းသရုပ်ပြပွဲကို လက်တွေ့ပြုလုပ်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ ဆရာ/ဆရာမ များနှင့် ကျောင်းသား/ကျောင်းသူများ ပူးပေါင်း ပါဝင်ဆောင်ရွက်ခဲ့ကြသည်။


အဆိုပါအခမ်းအနားသို့ စဉ့်ကူးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းကျော်နိုင်၊ စဉ့်ကူးမြို့နယ်မီးသတ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော်နှင့် ဝန်ထမ်းများ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်သိန်းဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အ.ထ.က (လက်ပန်လှ)မှ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ စုစုပေါင်းအင်အား (၅၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။


တင်ဇာလွင် 

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)