MNP - ဖေဖော်ဝါရီ ၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ဂွမြို့နယ်၌ ယာဥ်အန္တရာယ် ကင်းဝေးစေရေးယာဥ်စည်းကမ်း ၊လမ်းစည်းကမ်းဆိုင်ရာစစ်ဆေး ခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို ဖေဖော်ဝါရီလ ၃ရက်နေ့ နံနက် (၁၀) နာရီအချိန်က မြို့မရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မီးပွိုင့်လမ်းဆုံ တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် လမ်းမကြီးပေါ်၌ ဖြတ်သန်းသွားလာသည့် ယာဥ်များကို ယာဥ်အန္တရာယ်ကင်းဝေးစေရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ ယာဥ်မောင်းနှင်သူ တစ်ဦးလိုက်နာရမည့် စည်းကမ်းချက်များနှင့် ယာဥ်စည်းကမ်းနှင့် လမ်းစည်းကမ်းများအားသိရှိလိုက်နာစေရန် စသည့်အသိပညာပေးခြင်းနှင့် အသိပညာပေးလက်ကမ်းများ ဖြန့်ဝေခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါဆောင်ရွက်ခြင်းကို မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး ခင်မောင်ထွန်းနှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်အမှုဆောင်အရာရှိနှင့်ဝန်ထမ်းများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများက ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ရွှေရည်ဝင်းကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment