ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့ လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုများ ကွင်းဆင်းကြည့်ရှုစစ်ဆေး


MNP   -    ဖေဖော်ဝါရီ ၄

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများသည် ဖေဖော်ဝါရီ (၁)ရက်၊ မွန်းလွဲပိုင်းက လှည်းကူးမြို့နယ် ဒါးပိန်-သပြုတံတားချဉ်းကပ်လမ်းနှင့် ရန်ကုန်-မန္တလေး ရထားလမ်းဆုံရာနေရာတွင် Level Crossing ပြုလုပ်ရန်လည်းကောင်း၊ လှည်းကူး- ကြို့ကုန်းလမ်း (၁ မိုင် ၆ ဖာလုံ) အတွင်း (၂၄)ပေအကျယ်၊ ကတ္တရာကွန်ကရိလမ်း တိုးချဲ့ခင်းခြင်း၊ အမာခံလမ်းပခုံးနှင့်(၄၀)ပေအကျယ်မြေသားတာ ပေါင်တည်ဆောက်ခြင်းလုပ်ငန်းခွင်ကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ် တိုက်ကြီး-ဖောင်ကြီး-ပဲခူးလမ်း(၁မိုင်၆ဖာလုံ)အရှည်၊ ၁၂ ပေ အကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း၊ လမ်းအကွေ့များအား လမ်းချဲ့ခြင်း လုပ်ငန်းခွင်ဆောင်ရွက်နေမှုအားလည်းကောင်း ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးထင်ကျော်က လုပ်ငန်းဆောင်ရွက်နေမှုများ ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ရေရှည်အသုံးပြုနိုင်ရေးလုပ်ငန်းများအား စံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလအတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်နှင့် လိုအပ်သည်များ မှာကြားသည်။


ထို့နောက်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့အဖျောက်တာ မိုင် ၄၂/၇ နှင့် ၅၀/၁အတွင်း ကမ်းပြိုကျမှုနေရာအား ကြည့်ရှုစစ်ဆေးပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက ကမ်းပြိုကျမှုဖြစ်စဉ်အား ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်က ကမ်းပြိုထိန်းသိမ်းခြင်းလုပ်ငန်းများနှင့် ထပ်မံကမ်းပြိုမှုမရှိအောင် ကြိုတင်ပြင်ဆင်ထိန်းသိမ်းဆောင်ရွက်ခြင်းလုပ်ငန်းများ၊ ၎င်းတာအနီးရှိ ဒေသခံပြည်သူအိမ်ထောင်စု(၄၄)စုတို့အား အမြန်ဆုံးပြောင်းရွေ့နေရာချထားပေးရေးတို့က ဌာနဆိုင်ရာ တာဝန်ရှိသူများက အမြန်ဆုံးဆောင်ရွက်ကြရန်၊ ပြောင်းရွှေ့စရိတ်အတွက် လိုအပ်သည်များနှင့် ကုန်ကျစရိတ်ကိုတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးမည့် အခြေအနေများနှင့် ကဏ္ဍအလိုက် လိုအပ်သည်များက မှာကြားသည်။


ယင်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)မှ လှိုင်မြို့နယ် ပါရမီလမ်းခင်းကျင်းခြင်းလုပ်ငန်း ပြီးစီးပြီဖြစ်ရာ လမ်းမီးတိုင်များ စိုက်ထူထားရှိမှု၊ မြက်ပင်များနှင့် (Foxtail)ပင်များ စိုက်ပျိုးထားပြီး လမ်းသာယာလှပရေးဆောင်ရွက်ထားရှိမှုတို့ကိုလည်းကောင်း၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ်ဝန်ကြီးဌာနပြခန်းများ၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏အသေးစား၊ အငယ်စားနှင့် အလတ်စား ထုတ်ကုန်ပစ္စည်းပြခန်းများနှင့် တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဈေးရောင်းပွဲတော် စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုနှင့် (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ အခမ်းအနားအား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ရှေ့မျက်ခင်းပြင်တွင် ကျင်းပနိုင်ရေး ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများကို လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)