မိုင်းထောင်ခြင်းရဲ့ ဆိုးကျိုးရလဒ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းထောင်ခြင်းရဲ့ ဆိုးကျိုးရလဒ်





ဒီနေ့ နေ့လည် ၂ နာရီလောက်က ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဇရပ်ဖြူရွာအနီး လမ်းမှာ ကားတစ်စီး မိုင်းနင်းလို့ ၆ ယောက်သေဆုံးပြီး ၂ ယောက်ဒဏ်ရာရတယ်လို့ သတင်းတက်လာတာ တွေ့ရပါတယ်။ သတင်းကြားကြားခြင်း အရပ်သားတွေမှတ်လို့ ဝမ်းနည်းမိတာ အမှန်ပါပဲ။ ဒါပေမယ့် နောက်ပိုင်းမှ ဖြစ်စဉ်အမှန်ကို သိလိုက်ရတာက အရပ်သားပြည်သူတွေ မဟုတ်ပါဘူးတဲ့။ ဒေါလျားခူ PDF စခန်းကို ဆန်နဲ့အမယ်စုံ(ရိက္ခာ) တွေ သွားပို့တဲ့ အခြားရွာက PDF တွေလို့ သိရ ပါတယ်။ PDF တွေထောင်တဲ့ ကားမိုင်း PDF တွေ ပြန်နင်းမိလို့ ဝမ်းနည်းရမလား/ ဝမ်းသာရမလားတောင် မသိတော့ဘူး။ 

(အထက်ပါစာစုသည် KT Channel မှ ရေးသားထားခြင်း ဖြစ်ပါသည်။)


PDF အကြမ်းဖက်သမားတွေအနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို ထိခိုက်စေဖို့၊ အပြစ်မဲ့ ပြည်သူတွေကို ထိခိုက်စေဖို့ ရည်ရွယ်ပြီး မိုင်းထောင်ထားခြင်း ဖြစ်ပါတယ်။ ဖြစ်ချင်တော့ ပစ်မှတ်ကို မထိဘဲ ကိုယ်ပြုတဲ့ကံ ကိုယ့်ထံပြန် ဆိုသလို PDF အကြမ်းဖက်သမားများပဲ မိုင်းနင်းမိပြီး အသေဆိုးနဲ့ သေကုန်တဲ့ ဘဝကို ရောက်ကုန်ကြရပါတယ်။ ဝမ်းနည်းစရာ မရှိပါဘူး။ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ငဲ့ညှာထောက်ထားပြီး မနှိမ်နင်းဘဲ ထားရာက လက်နက်တကားကားနဲ့ လူပါးဝနေတဲ့ အကြမ်းဖက်သမားတွေ ကိုယ့်မိုင်ကိုယ်နင်းပြီး သေတာ အပြစ်မဲ့ ပြည်သူတွေအန္တရာယ်ကင်းစေဖို့ လောကဓမ္မ က စီရင်ချက်ချလိုက်ခြင်းပါပဲ။


ဒီနွေရူးတော်လှန်ရေးမတိုင်ခင်ကလည်း အလားတူ ဖြစ်စဉ်မျိုးတွေ ကြားဖူးတယ်ဗျ။ တိုင်းရင်းသားလက်နက်ကိုင်တွေ ရှိတဲ့ ဒေသတွေမှာ တပ်မတော်သားတွေ သွားလာတတ်တဲ့ လမ်းခရီးဆိုပြီး မိုင်းထောင်ထားတယ်။ တပ်မတော်သားတွေက အဲဒီလမ်းကမသွားတော့ မိုင်းမထိဘူး။ တောထဲကို သစ်ခုတ်၊ ဝါးခုတ်၊ ပန်းခူး သွားတဲ့ ဒေသခံပြည်သူတွေ မိုင်းနင်းမိပြီး ခြေတစ်ချောင်းလုံး ဖြတ်လိုက်ရတဲ့ အဖြစ်တွေ ကြားသိခဲ့ရဖူးတယ်။ 


မိုင်းထောင်ခြင်းရဲ့ ဆိုးကျိုးရလာဒ်တွေပေါ့ဗျာ။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ဆင်ခြင်တုံတရားကင်းမဲ့စွာ မိုင်းထောင်မှုတွေကြောင့် အပြစ်မဲ့ ပြည်သူတွေ ဘယ်လောက်များများ ဒုက္ခိတဘဝ ရောက်ခဲ့ရသလဲဆိုတာ မခန့်မှန်းနိုင်ပါဘူး။ အဲဒီလို ဖြစ်စဉ် ဖြစ်ရပ်တွေအတွက် မိုင်းထောင်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက ဘာမှ တာဝန်ယူ တာဝန်ခံတာမျိုး မရှိပါဘူး။ အပြစ်မဲ့ ပြည်သူတွေ ကိုယ်ဖြစ် ကိုယ်ခံ။ တပ်မတော်သားတွေက ပင်ပန်းဆင်းရဲခံပြီး ကယ်တင်ပေးကြရတာပါ။

ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဇရပ်ဖြူရွာအနီမှာ PDF ထောင်တဲ့မိုင်း PDF တွေ နင်းမိတဲ့ ဖြစ်စဉ်ကို ထောက်ထားပြီး PDF အကြမ်းဖက်အန္တရာယ် နှိမ်နင်းရေး ဆောင်ရွက်နေကြတဲ့ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ မပေါ့ဆကြဖို့ သတိပေးလိုခြင်းပါ။ တပ်မတော်သားတွေအနေနဲ့ အကြမ်းဖက်သမားတွေအကြောင်း ကျွန်တော်တို့ထက် ပိုသိပါတယ်။ အတွေ့အကြုံလည်း ရှိပါတယ်။ တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေဆိုတာ ပြည်သူတွေရဲ့ နေ့စဉ်လူမှုဘဝ တည်ငြိမ်အေးချမ်းရေးအတွက် အကြမ်းဖက်အန္တရာယ်တွေကို ကာကွယ်ပေးနေတာဖြစ်လို့ ညီရင်းအစ်ကိုပမာ သဘောမျိုးနဲ့ သတိပေးခြင်းပဲ ဖြစ်ပါတယ်။


စစ်ကိုင်းတိုင်းဒသေကြီးထဲမှာ အကြမ်းဖက်လှုပ်ရှားမှုတွေ လုပ်ဆောင်နေတဲ့ KIA/PDF အကြမ်းဖက်သမားတွေဟာလည်း ထို့အတူပဲ ကောက်ကျစ်ယုတ်မာတယ်ဆိုတာ အထူး ပြောဖို့ မလိုပါဘူး။ KIA/PDF လွှမ်းမိုးထားတဲ့ ကျေးရွာတွေရဲ့ ပတ်ပတ်လည်မှာ မိုင်းတွေ ထောင်ထားတတ်ကြပါတယ်။ လုံခြုံရေးတပ်ဖွဲ့ဝင် ညီအစ်ကိုများအနေနဲ့ PDF လွှမ်းမိုးထားတဲ့ ရွာတွေကို ဝင်ရောက်ရှင်းလင်းတော့မယ်ဆိုရင် ရွာပတ်ပတ်လည်မှာ ထောင်ထားတဲ့ မိုင်းတွေကို ရှင်းလင်းပါ။ KIA/ PDF အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ မိုင်းကို ရှားပြီး KIA/PDF အကြမ်းဖက်သမားတွေကို ပြန်နင်းခိုင်းပါ။ ဒါမှသာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူတွေ အန္တရာယ်ကင်းမှာ ဖြစ်ပါတယ်။ 


တိုင်းဖျက် ပြည်ဖျက် သာသနာဖျက် အကြမ်းဖက်သမားတွေ ပြုလုပ်သမျှ မကောင်းတဲ့လုပ်ရပ်မှန်သမျှကို ပြုလုပ်သူများသာ ပြန်လည်ခံစားရပါစေ။ ကယားပြည်နယ်မှာ PDF ထောင်တဲ့ မိုင်းကို PDF တွေ နင်းမိပြီး ငရဲပြည်ရောက်သွားကြသလိုပဲ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖော်ထုတ်ရှင်းလင်း ရမိတဲ့ မိုင်းတွေကိုလည်း KIA/ PDF တွေကိုသာ ပြန်နင်းခိုင်းပြီး ဖျက်ဆီး ရှင်းလင်းလိုက်ကြပါ။ အကြမ်းဖက်သမားတွေကို ငရဲပြည်ပို့ပေးဖို့က ညီအစ်ကိုများရဲ့ တာဝန်ပါ။ သူတို့ရဲ့ အကုသိလ် အမှုတွေအတွက် ယမမင်းက ဆက်ပြီး စီရင်ဆောင်ရွက်ပါလိမ့်မယ်။


နောင်တော်လေး (ဘိုကလေး)

#MyanmarNationalPost

(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)