မိုင်းယောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းယောင်းတွင် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ



MNP  -   ဖေဖော်ဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ယနေ့နံနက်ပိုင်းက ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် သက်ဆိုင်ရာတာဝန်ရှိသူတို့က လုပ်ဆောင်ရမည်များကို ညှိညှိနှိုင်းနှိုင်းညီညီညွတ်ညွတ်ဖြင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် မေတ္တာရပ်ခံလိုပါကြောင်း အမှာစကားပြောကြားသည်။


ထို့နောက် တက်ရောက်လာကြသူများက တက္ကသိုလ်ဝင်တန်း ကျောင်းသား ကျောင်းသူများသင်ကြားရေး၊ အခက်အခဲမရှိဖြေဆိုနိုင်ရေး၊ ထူးချွန်စွာအောင်မြင်ရေးနှင့် တက္ကသိုလ်ဝင်အောင်ချက်ရာခိုင်နှုန်းမြင့်မားစေရေး ဆွေးနွေးခဲ့ကြပြီး လိုအပ်ချက်နှင့် ဆွေးနွေးတင်ပြချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။


မိုင်းယောင်းမြို့တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကျိုင်းတုံတက္ကသိုလ်မှ ဆရာ၊ ဆရာမကြီးများက မိုင်းယောင်းမြို့ အခြေခံပညာအထက်တန်းကျောင်းသို့ လာရောက်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။


စိုင်းအောင်ဇော်လင်း

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)