ရခိုင်ပြည်နယ် သံတွဲခရိုင်၊ငပလီမြို့၌ စာဖတ်ဝိုင်းကျင်းပပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရခိုင်ပြည်နယ် သံတွဲခရိုင်၊ငပလီမြို့၌ စာဖတ်ဝိုင်းကျင်းပပြုလုပ်





MNP   -    ဖေဖော်ဝါရီ  ၁၄ 

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ငပလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီ ရုံး ဝန်ထမ်း များစု​ပေါင်းကာ​ပြည်ထောင် စုရာထူးဝန်အဖွဲ့မှထုပ်​ဝေသောဝန်ထမ်းကျင့်ဝတ်စာအုပ်ဖြင့်  ယ​နေ့​နေ့လည်(၁း၀၀)နာရီကစာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။


ရှေးဦးစွာ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ ငပလီမြို့ရုံးမှမြို့ဦးစီးမှူး ဒေါ်မြင့်​မြင့်​အေးက  နိုင်ငံ့ ဝန်ထမ်း များလိုက်နာရမည့် တာဝန်များနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားပြီး  ဝန်ထမ်းများပြည်ထောင်စု ရာထူးဝန် အဖွဲ့ဝန်ထမ်းကျင့်ဝတ်စာအုပ်ပါ အကြောင်းအရာများဖြစ်သော ဝန်ထမ်း စည်းကမ်းများ ၊ အလုပ် နှင့် သက်ဆိုင် သည့် စည်းကမ်းများ ၊တာဝန်ထမ်းဆောင်မှု ၊ လုပ်ရည်ကိုင်ရည်တို့နှင့်သက် ဆိုင်သည့် စည်းကမ်းများ ၊ လုပ်ငန်းခွင်အတွင်း ပြုမှု ဆက်ဆံမှုဆိုင်ရာစည်း ကမ်းများ ၊ ပါတီနိုင်ငံရေးကင်းရှင်းရန် စည်းကမ်းများ စသည့်တို့တွင်ပါဝင်သောအချက်အလက်များအကြောင်း အရာများအား တစ်ဦးချင်းဖတ်ကြားခဲ့ကြပြီး  အပြန်အလှန်ဆွေးနွေးခဲ့ကြ​ကြောင်းသိရသည်။ 


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)