ဂွမြို့နယ်တွင် အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်း ချပေးလျက်ရှိ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့နယ်တွင် အခြေခံစားသောက် ကုန်နှင့်ဟင်းသီးဟင်းရွက်များ သက်သာသောစျေးနှုန်းဖြင့် ရောင်း ချပေးလျက်ရှိ

45

46

47


MNP  -  ဖေဖော်ဝါရီ ၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် မြို့နယ်အတွင်းရှိပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေရန်အတွက် နယ်မြေခံတပ်ရင်းမှ တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းတွင်  မြို့နယ်စည်ပင်သာယာပန်းခြံရှေ့၌ အခြေခံစားသောက် ကုန်ပစ္စည်းနှင့် ဟင်း သီးဟင်းရွက်များအား သက်သာသောစျေးနှုန်းဖြင့် ပြည်သူများအား ရောင်း ချပေးခဲ့သည်။


အဆိုပါ အခြေခံစားကုန်နှင့်ဟင်းသီးဟင်း ရွက်များအား သက် သာသောစျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇာနည်ကျော်နှင့်အဖွဲ့ဝင်များက ကြည့်ရှု့အား ပေးခဲ့ကြသည်။


အဆိုပါ စားသောက် ကုန်နှင့်ဟင်းသီးဟင်း ရွက်များအား နယ်မြေခံတပ်ရင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက   ဆန်၊အသား ၊ ငါး၊ကြက်ဥ၊ ပဲ၊ စည်သွတ်ဘူး၊ ငံပြာရည်၊ခေါက်ဆွဲခြောက်၊ကြာဆန်၊ စားတော်ပဲဘူး၊ ပဲထောပတ်ဘူး၊ ပဲခရမ်းချဥ်ဘူး၊ ငါးသ လောက်ဘူး၊ သရက်သီးသနပ်ဘူး၊ ငါးပိ ကြော်၊  ကန်စွန်းရွက်၊ ချဥ်ပေါင် စသည့် အခြေခံ စားသောက် ကုန်ပစ္စည်းများနှင့် ဒေသထွက်ဟင်းသီးဟင်း ရွက်များကို သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။


ရွှေရည်ဝင်းကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages