MNP - ဖေဖေါ်ဝါရီ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲမြို့နှင့် ငပလီမြို့သူ/ မြို့သားများစုပေါင်းကျင်းပမည့် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါး ပူဇော်ပွဲ ကျင်းပရေး စတုတ္ထအကြိမ်ညှိနှိုင်းဆွေးနွေး ပွဲကို ယနေ့ မွန်းလွဲ ၂ နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန ( Community Centre)ဘက်စုံသုံးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကို နမောတသ(၃)ကြိမ်ရွက်ဆို ဘုရားကန်တော့၍ဖွင့်လှစ်ပြီး နာယက ဦးအောင်သန်းတင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ ပူဇော်ပွဲအကြို ဓမ္မပူဇာတရားပွဲကျင်းပရေး၊ ဆရာတော်ကြီးများအား ကြိုဆိုပင့်ဆောင်ရေး၊ ပူဇော်ပွဲကျင်းပရေးနှင့် အလှူငွေရရှိမှုအခြေအနေများကို ငပလီမြို့ မြို့မိမြို့ဖ ဦးဖိုးရီအောင်နှင့် ပူဇော်ပွဲကျင်းပရေး ကော်မတီများက ပူးပေါင်းဆွေးနွေးကြပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋတု(၃)ကြိမ် ရွက်ဆိုဆုတောင်း၍ အောင်မြင်စွာပြီးမြောက်ခဲ့သည်။
အဆိုပါပူဇော်ပွဲတွင် တိပိဋကဓရ ၊ တိပိဋကကောဝိဒ၊ ဓမ္မဘဏ္ဍာကာရိက၊ သုတဗုဒ္ဓသာသနာ့အာဇာနည်(၈)ပါးဖြစ်သည့် အရှင်ဝါယာမိန္ဒာဘိဝံသ၊ အရှင်သီလက္ခန္ဓာဘိဝံသ၊ အရှင်ဝံသပါလာလင်္ကာရ၊ အရှင်သုန္ဒရ၊ အရှင်ဣန္ဒပါလ၊ အရှင်ဣန္ဒာစရိယ၊ အရှင်ဝီရိယာနန္ဒ၊ အရှင်ပညာဝံသာလင်္ကာရာဘိဝံသ စသည့် ဆရာတော်(၈)ပါးတို့အားပင့်ဖိတ်၍ ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ၁၉ ရက်နေ့တွင် ပူဇော်ပွဲကျင်းပပြုလုပ်မည်ဖြစ်ပြီး ၁၇/၁၈ ရက်များတွင် ညတရားပွဲများဖြင့် သံတွဲမြို့၊ နန်းချောင်းကျေးရွာရှိ သံတွဲ -ငပလီလမ်းပေါ်ရှိ ဦးမြင့်လှိုင် ၏ ပန်းခြံအတွင်း၌ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း ပူဇော်ပွဲကျင်းပရေး ကော်မတီထံမှ သိရှိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment