MNP - ဖေဖော်ဝါရီ ၅
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၏ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အခမ်းအနားကို ကဒါရပ်ကွက်၊ကမ္ဘာအေးစေတီဘုရား၌ ဖေဖော်ဝါရီလ ၅ ရက်၊ နံနက်က ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ (၇၆)နှစ်မြောက် မွန်အမျိုးသားနေ့အား တာဝန်ရှိသူများကဖဲကြိုးဖြတ်ဖွင့်လှစ်ပြီးခဲ့ကြသည်။
ထို့နောက် နိုင်သာလေး ကအမှာစကားပြောကြားရာတွင် မွန်စာပေနှင့်ယဉ်ကျေးမှုသည်ကမ္ဘာကျော်သည်အထိကျယ်ပြန့်ခဲ့လို့မိမိတို့လူမျိုးအနေဖြင့်ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းအမှာစကားပြောကြားသည်။
ဆက်လက်၍ မိမြတ်မြတ်ချမ်းက မွန်အမျိုးသားနေ့နှင့်ပတ်သတ်သည့်မြေစိုက်ပိုစတာများ စိုက်ထူးရခြင်း၏ရည်ရွယ်ချက်များအားချပြရှင်းလင်းခဲ့သည်။
(၇၆)နှစ်မြောက် မွန်အမျိုးသားနေ့ကျင်းပခြင်းဖြင့် မွန်တိုင်းရင်းသားများ စည်းလုံးညီညွတ်စွာဖြင့် ဘိုးဘွားများချမှတ်ထားသည့် ရိုးရာဓလေ့ထုံးတမ်းများကို ဖော်ထုတ်နိုင်ပြီး မွန်လူငယ်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားစာပေ၊ ဘာသာစကား၊ ယဉ်ကျေးမှုထုံးတမ်းတို့ကို မပျောက်မပျက်အောင် ဂရုပြုကာ လက်ဆင့်ကမ်းထိန်းသိမ်းသွားနိုင်ရန် ရည်ရွယ်ကာ မွန်အမျိုးသားနေ့အား အစဉ်အဆက် လက်ဆင့်ကမ်း ကျင်းပခဲ့ခြင်းဖြစ်သည်။
မွန်အမျိုးသားနေ့ ကျင်းပရာတွင် နံနက် ၇ နာရီ ၅ မိနစ်အချိန်၌ အခမ်းအနားသို့ မြို့နယ်စီမံကောင်စီအဖွဲ့ဥက္ကဌ ဦးထင်လင်းအောင်နှင့်အဖွဲ့ဝင်များဌာနဆိုင်ရာများ တက်ရောက်လာကြသည့် မွန်တိုင်းရင်းသားများက မွန်အမျိုးသား အလံတော်ကို လွှင့်ထူအလေးပြုကြခြင်း၊နေလယ်ပိုင်းတွင် သံဃာတော်များထံမှ တရားနာယူပြီး ဆွမ်းနှင့်လှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း၊ ဧည့်ခံကျွေးမွေးခြင်းများအပြင်ညနေပိုင်း၌မွန်အကပဒေသာများကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment