ဒဂုံမြို့နယ်မဟာဝိဇယ​​စေတီ​တော် အ​နောက်ဘက်မုခ်ရှိငါးကန်အားသန့်ရှင်း​ရေး​စု​ပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်မဟာဝိဇယ​​စေတီ​တော် အ​နောက်ဘက်မုခ်ရှိငါးကန်အားသန့်ရှင်း​ရေး​စု​ပေါင်းဆောင်ရွက်



MNP   -     ဖေ​ဖော်ဝါရီ ၂၄

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ဘုရားကြီးရပ်ကွက်၊ ရွှေတိဂုံဘုရားလမ်း၊ မဟာဝိဇယစေတီတော် အနောက်ဘက်မုခ်ရှိငါးကန်အား ရေစုပ်ထုတ်၍ ကန်ရေသစ်လဲလှယ်ခြင်းလုပ်ငန်းအား စေတီတော်ဂေါပကအဖွဲ့၊ ငါးလုပ်ငန်းဦးစီးဌာနအဖွဲ့နှင့် စည်ပင်သာယာ​ရေးအဖွဲ့များပူး​ပေါင်း၍ ယ​နေ့​မွန်းတည့် ၁၂နာရီ က စတင်ပြီး ည​နေ ၄နာရီခွဲအချိန်အထိ ​ဆောင်ရွက်ခဲ့ကြ​သည်။


ထိုသို့ဆောင်ရွက်ကြရာတွင် ငါးလုပ်ငန်းဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ငါးကန်အတွင်းမှ ဖော်ယူရရှိသည့် မြက်စားငါးမျိုးများဖြစ်သည့် တီလားဘီးယား၊ ငါးကြင်း၊ ငါးမုန့်၊ တောင်ပေါ်ငါးသလောက်၊ ငါးမြစ်ခြင်း၊ ငါးကြင်း ခေါင်းပွ၊ စုစုပေါင်း(၂၀၄၅)ကောင်အား စည်ပင်သာယာ​ရေးအဖွဲ့များက မော်တော်ယာဉ်ဖြင့်(၃)ခေါက် သယ်​ဆောင်ကာ ကြိုတင်တင်ပြ၍ ခွင့်ပြုချက်ရယူထားသည့် ကန်တော်ကြီးရေကန်အတွင်းသို့ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။


အဆိုပါ ငါးကန်သန့်ရှင်း​ရွှေ့​ပြောင်း​ရေး​ဆောင်ရွက်ရာသို့ ကျောက်တံတားခရိုင် စည်ပင်သာယာ အုပ်ချုပ်ရေးမှူး၊ အလုံနှင့်ကမာရွတ်ခရိုင် ရေ/သန့်ခရိုင်မှူး၊ ဒဂုံနှင့် ဗဟန်းမြို့နယ် စည်ပင်သာယာအုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ ပူးပေါင်းပါဝင်ကြ၍ ကူညီဆောင်ရွက်ခဲ့ကြပါကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​သော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)