တနင်္သာရီတိုင်းဒေသကြီးဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများ ဖယ်ရှားရေး နှင့် ပြန်လည်ကုစားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ



MNP  -  ဖေဖော်ဝါရီ ၂၃

တနင်္သာရီတိုင်းဒေသကြီး ဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးအလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ ထားဝယ်မူလတန်းကြိုကျောင်းခန်းမ၌ကျင်းပသည်။


ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးယဉ်ထွေးက တိုင်းဒေသကြီးအဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများ ဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး လုပ်ငန်းဆပ်ကော် မတီအနေနဲ့အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသောကလေးအလုပ်သမားများအရေးအတွက် လုပ်ငန်းရှင်များအားသိသင့်သိထိုက်သည်များ အသိပညာပေးရန် ရည်ရွယ်၍ဆွေးနွေးပွဲ ကျင်းပရခြင် ဖြစ်ကြောင်း၊  တနင်္သာရီတိုင်းဒေသကြီး အဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ် သမားများ ဖယ်ရှားရေးနှင့်  ပြန်လည်ကုစားရေးလုပ်ငန်းဆပ်ကော်မတီကိုဖွဲ့စည်းထားရှိပြီးဖြစ်ကြောင်း၊ နိုင်ငံတော်၏အနာဂတ်ဖြစ်သော ကလေးသူငယ်အားလုံး တန်းတူဖွံ့ဖြိုးတိုးတက်စေရန် ကလေးအလုပ် သမားအဖြစ်ခိုင်းစေမှု၊ အထူးသဖြင့်အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများပပျောက်စေရန်နှင့် ထိရောက်စွာတားဆီးကာကွယ်ရန်၊  အန္တရာယ်ရှိသောအလုပ်နှင့်  လုပ်ငန်းခွင်များတွင် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများကို စီစစ်ဖော်ထုတ်၍ ဖြစ်ရပ်စီမံခန့်ခွဲမှု နည်းလမ်းများဖြင့် ဖယ်ရှားကုစားရန်နှင့်  ကလေးအလုပ်သမားများအားအခမဲ့ကျောင်းပညာရေးနှင့် သက်မွေးပညာရပ်များကို ကျွမ်းကျင်စွာတတ်မြောက်၍ သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိသည်အထိ ချိတ်ဆက်ဆောင်ရွက်သွားရန် စသည့်လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းရှင်များအနေဖြင့်သက်ဆိုင်ရာဌာန၊အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း ပြောကြားသည်။


ထို့နောက် လုပ်ငန်းဆပ်ကော်မတီဝင်များ၊ ဆက်စပ်ဌာနဆိုင်ရာများတို့က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊  ဆိုးရွားဆုံးပုံစံဖြင့်ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားများဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေးလုပ်ငန်းစဉ်များအကြောင်း၊ ကော်မတီများဖွဲ့စည်းထားရှိမှု အခြေအနေများစသည့်တို့ကို တက်ရောက်လာသောရေလုပ်ငန်းရှင်များနှင့် စားသောက်ဆိုင် လုပ်ငန်းရှင်များ အားရှင်းလင်းဆွေးနွေးခဲ့ကြောင်းသတင်းရရှိသည်။


 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)