၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အများပြည်သူများ အထိတ်တလန့် ဖြစ်စေရန် လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မဟုတ်မမှန် ရေးသားဖြန့်ဝေသူ အမျိုးသမီးတစ်ဦး ကို ယမန်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ရွှေဘိုမြို့နယ်တွင် လုံခြုံရေးအဖွဲ့များသည် ပြည်သူများ အေးချမ်းနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေး တာဝန်များအား လုပ်ဆောင်လျှက်ရှိရာ လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ပြည်သူများ အေးချမ်းစွာနေထိုင်မှုကို မလိုလားသူ ကုန်ဘောင်ရပ် အမှတ် (၁၀)ရပ်ကွက် ရွှေဘိုမြို့တွင် နေထိုင်သူ မသီသီနိုင်သည် အများပြည်သူများ အထိတ်တလန့်ဖြစ်စေရန် ရည်ရွယ်၍ ၎င်းပိုင်ဖုန်းဖြင့် မဟုတ်မမှန် သတင်းတု သတင်းမှားများအား လှုံ့ဆော်ရေးသား ဖြန့်ဝေမှုများ ပြုလုပ်နေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေး၍ ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
CRPH, NUG အကြမ်းဖက်အဖွဲ့များနှင့် ပြည်ဖျက်မီဒီယာများမှ မဟုတ်မှန် ရေးသားလှုံ့ဆော်မှုများကို ထပ်ဆင့်ဖြန့်ဝေခြင်း၊ post တင်ခြင်း၊ comment ရေးခြင်းများသည် ဥပဒေအရ အရေးယူခံရနိုင်ကြောင်း အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုကော်မတီ က အသိပေးထုတ်ပြန်ထားသည်။
#MyanmarNationalPost
(၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၅ရက်နေ့အထိ NLD အစွန်းရောက်များ ဖွဲ့စည်းထားသော အကြမ်းဖက်အဖွဲ့များ၏ သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ ရဟန်းရှင်လူပြည်သူ၊ အစိုးရဝန်ထမ်း၊ ကလေးငယ်များ အပါအဝင် ၅၄၄၃ ဦး သေဆုံးခဲ့ရသည်။)
No comments:
Post a Comment