အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင် စာ အုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင် စာ အုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပ





MNP   -   ဖေဖော်ဝါရီ ၂၂

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊အမ်းမြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် မြို့နယ်ရုံးဝန်ထမ်း များ စာကြည့်တိုက်လုပ်ငန်းတာဝန်များ အား သိရှိနားလည်စေရန်၊ တစ်ဦးနှင့်တစ်ဦး ဝိုင်းဖွဲ့ဆွေးနွေးခြင်းဖြင့် အတွေးအခေါ်အမြင်သစ်များမျှဝေတတ်စေရန် ရည်ရွယ် ၍ ယနေ့ နေ့လယ် ပိုင်းက စာကြည့်တိုက်လုပ်ငန်း စီမံခန့်ခွဲရေးလက်စွဲစာစောင် စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ် သည်။


အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးစန်းဝင်းက စာအုပ်ငှားရမ်းခြင်းလုပ်ငန်း၊စာအုပ်ငှားရမ်းခွင့်စည်းမျည်းနမှုနာ၊စာအုပ်ငှား ရမ်းခြင်းစနစ်၊စာငှားစနစ်တွင် အသုံးပြုရန် လိုအပ်သောပစ္စည်းများ၊ စသည့်အ ကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ သည်။  


ထို့နောက် ဒုတိယဦးစီးမှူး ဒေါ်ခင်မျိုးတင်က စာပြုလုပ်ငန်း၊ရသစာ ပေများခွဲခြားခြင်း၊သုတစာပေများခွဲခြားခြင်း၊မျိုးတူစုပြုခြင်း အကြောင်းအရာများဆွေးနွေးပြီး စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးဝင်းက စာကြည့်တိုက်များပုံမှန်စစ်ဆေးခြင်း၊ပုံမှန်စစ်ဆေးခြင်းဆိုင်ရာလုပ်ငန်းများ၊ထားသိုမှုစနစ်၊မှတ်သားမှုစနစ်များနှင့် ဦးစိုးမင်းထွန်း(ဓာတ်ပုံ-၂) နှင့် ဦးဖြိုးဝေဇင်(လုပ် သားရုပ်သံ)တို့ကရသစာပေများ ပျောက်ဆုံးပျက်စီးမှုနှင့် ပတ်သက်၍ အစားထိုးဖြည့်တင်းခြင်း၊ စာရင်းမှပယ် ဖျက်ခြင်းဆိုင်ရာလုပ် ငန်းစနစ်များအားလည်းကောင်း၊  သုတစာပေများ ပျောက်ဆုံးပျက်စီးမှုအတွက် ဆောင်ရွက်မှုစနစ်များကို လည်း ကောင်း ဆွေးနွေးခဲ့ပြီး ဝန်ထမ်းများမှ သိရှိလိုသည်များအား အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။ 


စိုးမင်းထွန်း

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)