မအီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်လျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအီမြို့၌ (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဆက်လက်ယှဉ်ပြိုင်လျက်ရှိ




MNP   -    ဖေဖော်ဝါရီ    ၁၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ မအီမြို့တွင် (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့အထိမ်းအမှတ် မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီ ၇ ရက်နေ့မှစတင်၍ ယှက်ပြိုင်ကစားလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ရှုံးထွက်ပွဲစဉ်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြကြောင်း သိရသည်။  


ဖော်ပြပါ ဖူဆယ်ဘောလုံးပြိုင်ပွဲကို မအီမြို့ပေါ်ရပ်ကွက်အသင်းများနှင့် ဌာနဆိုင်ရာအသင်းများပါဝင်သည့် ပြိုင်ပွဲဝင်အသင်း ၁၆ သင်းတို့က ရှုံးထွက်ပွဲစဉ်စနစ်ဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြပြီး ယနေ့ နံနက်ပိုင်းတွင် အမှတ်-၃ (ခ)အသင်းနှင့် ထွေ/အုပ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြရာ ထွေ/အုပ်အသင်းမှ ၂ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း ဆက်လက်၍ ဒုတိယပွဲစဉ်အနေဖြင့် အမှတ်- ၁ (ခ)အသင်းနှင့် အမှတ်- ၃(က) အသင်းတို့ယှဉ်ပြိုင်ကစားရာတွင် အမှတ်- ၃(က)အသင်းက ၃ ဂိုး ၁ ဂိုးဖြင့် အသီးသီးအနိုင်ရရှိခဲ့ကြသည်။ 


အဆိုပါ ပွဲစဉ်များကို နံနက်ပိုင်းတွင် ၂ ပွဲ၊ ညနေပိုင်းတွင်း ၂ ပွဲ တစ်ရက်လျှင် ၄ ပွဲနှုန်းဖြင့် ရှုံးထွက်စနစ် ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး ယနေ့အနိုင်ရရှိသည့် အသင်း ၄ သင်းမှာ မနက်ဖြန် ဆီမီးဖိုင်နယ်(အကြိုဗိုလ်လုပွဲ)သို့ တက်ရောက်ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။


အဆိုပါ မြို့အုပ်ချုပ်ရေးမှူးဖလား အလွတ်တန်းဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို ဖေဖော်ဝါရီ ၁၂ ရက်၊ (၇၆)နှစ်မြောက် ပြည်ထောင့်စုနေ့တွင် ယှဉ်ပြိုင်ကျင်းပသွားမည်ဖြစ်ပြီး အနိုင်ရအသင်းများကို ပထမဆု- ၃၀၀၀၀၀ ကျပ်၊ ဒုတိယဆု- ၂၀၀၀၀၀ ကျပ်နှင့် တတိယဆု- ၁၀၀၀၀၀ ကျပ်တို့ကို ချီးမြှင့်ပေးသွားမည့်အပြင် အကောင်းဆုံးအာကစားသမားဆုများနှင့် အကောင်းဆုံးဂိုးသမားဆုတို့ကိုလည်း ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်မောင်ဌေး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)