စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်



MNP   -    ဖေဖော်ဝါရီ  ၈

ရန်ကုန်တိုင်းဒေသကြီး၊  စမ်းချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက်  အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိရာ ယမန်‌နေ့နံနက်(၉)နာရီက မုန့်လုပ်ဆောင်းကုန်း(တောင်)ရပ်ကွက် ဟံသာဝတီလမ်းရှိ အ.ထ.က(၁)ကျောင်း စွယ်တော်ဆောင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုး Centre တွင် ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။


ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ  အသက်(၁၈)နှစ်အထက် ပထမအကြိမ်ကာကွယ်ဆေးထိုးနှံသူ(၂၀)ဦး၊ ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံသူ(၂၅)ဦး၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံသူ(၁၂၉)ဦး စုစုပေါင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံသူ (၁၇၄)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ကြောင်း၊ ကာကွယ်ဆေး ထိုးနှံရာတွင် အသက်(၅)နှစ်မှ အသက်(၁၂)နှစ်အထိ တတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း(Booster Dose)ထိုးရန်ကျန်ရှိသေးသည့် ကျောင်းသား၊ ကျောင်းသူများလည်း  ပါဝင်ထိုးနှံခဲ့ကြကြောင်း သိရှိရသည်။


ကာကွယ်ဆေးထိုးနှံရာနေရာတွင် မလိုလားအပ်သော ပြဿနာတစ်စုံတစ်ရာမရှိစေရေးအတွက် စမ်းချောင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊  စေတနာရှင် Volunteer များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဆေးထိုးလာသူ ကျောင်းသား၊ ကျောင်းသူများနှင့် မိဘပြည်သူများအား ဝိုင်းဝန်းကူညီ အားပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။


နီလာစိုး

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)