ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရသေ့တောင်မြို့နယ်ရုံးတွင် ဝန်ထမ်းများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ် ဆောင်ရွက်




MNP   -   ဖေဖော်ဝါရီ ၂၀ ရက်

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေဦးစီးဌာန၊ စစ်တွေခရိုင်၊ရသေ့တောင်မြို့နယ်ရုံးတွင်ဝန်ထမ်းများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေး(ဒါဘာ)ကိုယနေ့ဖေဖော်ဝါရီ  ၂၀ ရက် နေ့လည် ၁၁ နာရီအချိန်က  မြို့နယ်လူထုအခြေပြုဗဟိုဌာန( Community Centre)ခန်းမတွင်ကျင်းပြုလုပ်ခဲ့ပါသည်။


ရှေးဉီးစွာ ဒုတိယဦးစီးမှူးဒေါ်တင်ဇာဦးကရုံးလုပ်ငန်းဆောင်ရွက်မှုများအား  အချိန်မှီပြီးစီးအောင်ဆောင်ရွက်ကြရန်၊ လုပ်ငန်းဆောင်ရွက်မှုများ၊နံရံကပ်စာစောင်လုပ်ငန်း၊ပြခန်းပြပွဲများ၊ ပြိုင်ပွဲများMobile Library လုပ်ငန်းများ၊လူငယ်စကားဝိုင်းများကိုလစဥ်ဆောင်ရွက်နိုင်ရန်ရုံးတွင်းစာဖတ်ဝိုင်းများ၊ဟောပြောပွဲလုပ်ငန်းများကိုသတ်မှတ်ချက်များအတိုင်ပြည့်မှီအောင်ဝိုင်းဝန်းလုပ်ဆောင်ကြရန်၊စာကြည့်တိုက်ပိုင်းဆောင်ရွက်ရာတွင်လည်း စာရင်းရေးသွင်းမှုတွင်မှားယွင်းမှုမရှိအောင်ဂရုစိုက်ဆောင်ရွက်ကြရန်၊နှင့်သတင်းပေးပို့မှုတို့တွင်လည်း အချိန်နှင့်တပြေးညီပေးပို့နိုင်အောင်ဆောင်ရွက်ရန်မီးဘေးလုံခြုံရေးအတွက် ရုံးတွင်းရုံးပြင်သန့်ရှင်းရေးများကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန်ဟောပြောပြီးလိုအပ်ချက်များရှိပါက ဆွေးနွေးတင်ပြကြရန်ဟောပြောခဲ့ပါသည်။


 ဆက်လက်ပြီးဝန်ထမ်းများမှဆွေးနွေးတင်ပြချက်များအပေါ် ဒုတိယဦးစီးမှူးမှ ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပြောကြားခဲ့သည်။


ထွန်းလင်းကျော်

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)