မြောက်ဦးခရိုင် လူငယ်အခန်းကဏ္ဍာမြင့်တင်ရေးသင်တန်းပို့ချ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးခရိုင် လူငယ်အခန်းကဏ္ဍာမြင့်တင်ရေးသင်တန်းပို့ချ






MNP   -    ဖေဖော်ဝါရီ  ၂၃

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန မှ ကြီးမှူးကျင်းပသော (၂၀၂၂-၂၀၂၃) ဘဏ္ဍာနှစ်အတွင်းတွင် ရခိုင်ပြည်နယ်အကြံ ပေးကော်မ ရှင်၏ အကြံပြုချက် များအပေါ် အကော်အထည်ဖော်ဆောင်ရွက်မည့်လုပ်ငန်းအစီအစဉ်အရ "ဒေသအဆင့် ရာသီ ဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရေး စွမ်းဆောင်ရည်တည် ဆောက် ခြင်းဆိုင်ရာသင်တန်း" ခေါင်းစဉ်ဖြင့် လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးသင်တန်းအား  ယနေ့ နံနက် ၁၀ နာရီအချိန်က ထမ္မရာဇ်ရပ်ကွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန (ရုံးဟောင်း) အစည်းအဝေးခန်းမ၌ သင်တန်းဖွင့်လှစ်ပို့ချလျှက်ရှိကြောင်း သိရသည်။


အဆိုပါ လူငယ်အခန်းကဏ္ဍမြှင့်တင်ရေးသင်တန်းတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန  ဦးစီးအရာရှိ ဦးဆန်းကျော် က အဖွင့်အမှာစကားပြောကြားပြီးနောက်  ပတ်ဝန်းကျင်ထိန်း သိမ်း ရေးဥပဒေနှင့်နည်းဥပဒေများ ခေါင်းစဉ်ဖြင့် ထပ်ဆင့် သင်တန်းပို့ချရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဥပဒေ ၌ မည်သူမဆိုပတ်ဝန်းကျင်ကို ထိခိုက်စေသည့် အ တွက် ဝန်ကြီးဌာနက တားမြစ်ထားသော ပစ္စည်းတစ်ခုခုအား ဝန်ကြီးဌာန၏ခွင့်ပြုချက်မရှိဘဲ ပြည် တွင်း၊ပြည်ပသို့ တင်သွင်းခြင်း၊ ထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ယူခြင်း သို့မဟုတ် ရောင်း ဝယ်ခြင်း တစ်ခုခုတို့နှင့် ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် အ နည်း ဆုံး ၃ နှစ်မှ အများဆုံး ၅ နှစ်အထိဖြစ်စေ၊ ငွေဒဏ်အနည်းဆုံး ကျပ်တစ်သိန်းမှ အများ ဆုံး အများဆုံးကျပ်သိန်း နှစ်ဆယ်အထိဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည်ဖြစ် ကြောင်း အပြင် ထိုပစ္စည်း အား ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေသောအဆင့်အထိ ပြုပြင် ပြောင်း လဲစွန့်ပစ်ရန်အတွက် ကုန် ကျ သောစရိတ်ကို ထိုသူကကျခံစေရမည်။


 ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနည်းဥပဒေ များတွင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှု ကောင်းမွန်ရေးအတွက်  နည်းဥ ပဒေ ၅၂၊ ၅၃ နှင့် ၆၂ အရ သတ်မှတ်သည့်လုပ်ငန်းအမျိုးအစားများတွင် မပါဝင်သည့် အသေး စားပုဂ္ဂလိကလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံများသည် လုပ်ငန်းတည်ဆောက်လည်ပတ်နိုင်ရန် သက်ဆိုင်ရာ ဝန်ကြီး ဌာန သို့ ခွင့်ပြုချက် ၊ လိုင်စင်လျှောက်ထားခြင်းမပြုမီ ပတ်ဝန်း ကျင် ထိခိုက်မှု ရှိ၊ မရှိ နှင် စပ် လျဉ်း ၍ ဦးစီးဌာန၏ သဘောထားမှတ်ချက်ရယူရမည်ဖြစ်ကြောင်း စသည့်အကြောင်းအရာများကို အကျယ်တဝင့်ပို့ချခဲ့သည်။


မြောက်ဦးခရိုင် ၊ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ခင်မြတ်မွန် မှလည်း ဒေသအဆင့်ရာသီဥတုပြောင်းလဲမှုဒဏ်ခံနိုင်ရည်ရှိစေရေးစွမ်းရည်တည်ဆောက်ခြင်းဆိုင်ရာ ခေါင်းစဉ်ဖြင့် ပို့ချရာ၌ ဘေးအန္တရာယ်အမျိုးအစားများတွင် သဘာဝ (သို့မဟုတ်)  လူသား များ လုပ်ဆောင်မှုကြောင့်ဖြစ်သောဘေးအန္တရာယ်များ၌ မီးဘေး(အိုး အိမ်၊ တောမီး လောင် ကျွမ်းခြင်း)၊ ကပ်ရောဂါများ ရှိပြီးလူတို့ကြောင့်ဖြစ်သောဘေး အန္တရာယ် များ တွင် နည်းပညာ တိုးတက်မှုကြောင့်ဖြစ်သော ဘေးအန္တရာယ်များ နှင့် လူမှုပြသနာ ရှုပ် ထွေးမှု ကြောင့် ဖြစ် ပေါ်သော ဘေးအန္တရာယ်များ စသောအကြောင်းအရာများကို ပို့ချခဲ့သည်။


ဆက်လက်၍  နေ့လည် ၁ နာရီတွင် ပြန်လည်စတင်ပို့ချခဲ့ရာ စိုက်ပျိုးရေးဦး စီးဌာန ဦးစီးအရာရှိ ဒေါ်ခင်သက်မော် မှလည်း သဘာဝပတ်ဝန်းကျင်မပျက်စိုက်ပျိုးရေး ခေါင်းစဉ်ဖြင့် ပို့ချရာတွင် မြေကြီးကို အစဉ်အမြဲအနည်းငယ်မျှသာ တိုးဆွစိုက်ပျိုးရခြင်း တွင် မြေကို ထွန်ယက်ခြင်းများလာသောအခါ မြေဆီလွှာဖွဲ့စည်းမှု ပြိုကျပျက်စီးလာပြီး မြေမျက် နှာပြင်တင်းမာလာခြင်း၊ မြေကြီးအတွင်း မြေကြပ်လွှာများဖြစ်ပေါ်လာခြင်းနှင့် နောက်ဆုံး တွင် လုံးဝဥဿုံပျက်စီးသွားခြင်း၊ မြေသားတည်ဆောက်မှုပျက်စီးသွားသဖြင့် လေ နှင့် ရေ တိုက် စားမှုအလွယ်တကူခံရကြောင်း ၊ မြေကြီးကို ဩဂဲနစ်ပစ္စည်းများဖြင့် အမြဲထာဝ ရဖုံးအုပ်ပေးရာတွင် မြေကြီးကို စိုက်ပျိုးသည်ဖြစ်စေ ၊ မစိုက်သည်ဖြစ်စေ လှပ်မထားရ၊ မြေကြီးကို ပင်ကြွင်းပင်ကျန်များဖြင့် ဖုံးအုပ်ရကြောင်း သီးနှံအစုံကို ရောစပ်/ အလှည့် ကျစိုက်ပျိုးရခြင်း တို့ကြောင့် သဘာဝမြေဆီလွှဲကို ထိခိုက်ပျက်စီးမှုတို့မှ ကာကွယ်နိုင်မည် စသောအကြောင်းအရာများကို ပို့ချပေးလျှက်ရှိသည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးသန်းဌေး မှလည်း ကမ္ဘာကြီး ပူနွေး လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း နှင့် ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာခြင်းအကြောင်း အရာများကိုလည်း အကျယ်တဝင့် ပို့ချခဲ့ပြီး နောက် ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဆန်းကျော် မှလည်း လူသားတို့အသက်ရှင် နေထိုင် ရေးအတွက် အရေး ကြီး သောသဘာဝပတ်ဝန်းကျင်နှင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေး ခေါင်းစဉ်ဖြင့် ပို့ချရာ တက်ရောက်လာကြသော သင်တန်းသား၊သင်တန်းသူများ မှ  သိရှိလိုသော အကြောင်းအရာ များကို မေးမြန်းရာ သင်တန်းပို့ချဆရာမှ ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။


ထိုသင်တန်းသို့  သင်တန်းသူ/သင်တန်းသား (၅၀) ဦးတက်ရောက်ပြီး ပတ်ဝန်းကျင်ထိန်း သိမ်းရေးဦးစီးဌာန မှ လက် ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ထိုသင်တန်းကို ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ ၂ ရက်တိုင်တိုင် သင်တန်းပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မြင့်စိုး ၊ စိုးငြိမ်းနိုင် 

 https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)