MNP - ဖေဖော်ဝါရီ ၂၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်၊ အဖူးရှာဖွေခူးဆွတ် လုပ်ကိုင်ရောင်းချလုပ်ကိုင်စားသောက်နေသည့် ကျေးလက်နေပြည်သူများ တမာဖူး၊ တမာရွက်၊ ခူးဆွတ်ရောင်းချနေခြင်းဖြင့် မိသားစုစားဝတ်နေရေးတဖက်တလမ်းမှဝင်ငွေရှာဖွေ ပေးနေကြကြောင်း တမာဖူးခူးယူရောင်းချနေသူများထံက သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှ ရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အရွက်အသီး ၊ခူးဆွတ်ရောင်းချနေသူများ ယခုပေါ်နေသည့် တမာရွက်နု၊ တမာဖူးခူးယူရောင်းချခြင်းဖြင့် မိသားစုအပိုဝင်ငွေရရှိနေကြကြောင်း လက်ပံအိုင့်ကျေးရွာ ဦးမြင့်နိုင်ထံက သိရသည်။ ပုပ္ပားတောင်ကျေးရွာပတ်ဝန်းကျင်ကျေးရွာများ ဖြစ်သည့် ရွာသစ်ကျေးရွာ၊ ဂွေးကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ လဲဂွကျေးရွာနှင့်လျှော် တော၊ နတ်ကန်လည်၊ ဆင်ဆင်း၊ဆုံကုန်းကျေးရွာများသည် ဘိုးစဉ်ဘောင်ဆက် ပုပ္ပား တောင်မကြီးကိုအမီပြု၍ ရာသီပေါ်သီးနှံအမျိုးမျိုးကို ရှာဖွေတူးဖော်ဆွတ်ခူးရောင်ချနေ သည့်ကျေးရွာများဖြစ်ကြရာ စားမှိုအမျိုးမျိုးပေါ်ချိန်၊ မျှစ်ပေါ်ချိန်၊ သမုန်းဖူးပေါ်ချိန်၊ သစ် ယုန်ဖု၊ မျောက်ဥ၊ ကဒူဥ၊ နာနတ်ဥ၊ သမျှားဥ၊ တပင်တိုင်မြနန်းဥ၊ အရိပ်မထွက်(သိကြား စက်)ပင်၊ မာလာဖူး၊ ကတွတ်သီး၊ ညောင်ချဉ်ရွက်၊ ရေကတုံးရွက်၊ တောပိန္နဲသီးများနှင့် တမာဖူး၊တမာရွက်စသည့် ရာသီပေါ်တောထွက်သစ်ဖုသစ်ဥများကို ရှာဖွေရောင်းချလုပ် ကိုင်ရောင်းချနေသည့် ကျေးရွာများဖြစ်ကြကြောင်း သိရသည်။
ခေတ်ကာလရွေ့လျားလာပြီး ဒေသခံများ ပြည်ပထွက်အလုပ်လုပ်ကိုင်ကြခြင်းနှင့် လယ်၊ ယာ၊ ကိုင်း၊ ကျွန်း၊ ဥယျာဉ်ခြံမြေလုပ်ငန်းလုပ်ကိုင်လာခဲ့ကြရာ ရာသီပေါ်သီးနှံထွက် ခူးသည့်အလေ့အကျင့်နည်းပါးလာခဲ့ကြောင်း၊ ရာသီပေါ်သီးနှံဆွတ်ခူးရောင်းချသည့်သူများ နည်းသွားခဲ့ကာ အဆိုပါခူးဆွတ်ရောင်းချသူများ တမာဖူး၊တမာရွက်ပေါ်ချိန် ဆွတ်ခူး ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြကြောင်း သိရသည်။ ပုပ္ပားတောင်ပတ်ဝန်းကျင် ကျေးရွာများသည် တမာရွက်အား၊ စားတမာနှင့်ခြံစည်းရိုးအရိပ်ရတမာဟူ၍ နှစ်မျိုးခေါ်ဆို ကြကာ စားတမာပင်သည် အပင်ပင်စည်မကြီးပဲ အရွက်များလည်းမစိပ်ကာ အဖူး၊ အရွက်ကြီးကြပြီး အရွက်ကြွေရင်း အညွန့်အဖူးတခါတည်းထွက်ရှိကြောင်း၊ ထိုအဖူးအညွန့်များ အားခူးယူကာ ဆီးသီး၊မန်ကျည်းသီးတို့ဖြင့် မိုးဗြဲဒယ်ဖြင့်ပြုတ်ကာ ကျောက်ပန်းတောင်းမြို့၊ မြို့မဈေးသို့လည်းကောင်း၊ ပျံကျဈေးသို့သွားရောက်ရောင်းချကြကြောင်း၊ တမာရွက် လက်နှစ်လုံးစာတစ်စည်း တစ်ရာကျပ်ရောင်းချရကာ တစ်ရက်တောင်ပေါ်တက်ချိုးခူး ဆွတ်လျှင် နှစ်သောင်းကျပ်မှ သုံးသောင်းကျပ်ဖိုးထိခူးယူရရှိကြောင်းသိရသည်။ ခြံစည်းရိုး တမာခေါ်အရိပ်ရတမာပင်သည် အရွက်အားလုံးမကြွေပဲ အဖူး၊ အပွင့်လိုက်ကြကာ အလွန် အခါးဓာတ်များပြီး မစားကြကြောင်း အရိပ်အတွက်၊ ခြံစည်းရိုးအတွက်သာစိုက်ပျိုးကြပြီး အပင်အလွန်ကြီးကြောင်းသိရကာ စားတမာဖူးများ ပေါ်ဦးပေါ်စခူးယူရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိနေကြကြောင်း ဦးမြင့်နိုင်ကရှင်းပြ၍ သိရသည်။
ဒီပါလင်း
https://t.me/MyanmarNationalPost
No comments:
Post a Comment