သံတွဲမြို့၌ စာနီတောင်ဆင်စခန်းဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သံတွဲမြို့၌ စာနီတောင်ဆင်စခန်းဖွင့်လှစ်




MNP  -   ဖေဖေါ်ဝါရီ   ၂

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်း၊ ရခိုင်ပြည်နယ်၊ သံတွဲသစ်ထုတ်လုပ်ရေးဒေသ၊ စာနီတောင်ဆင်စခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက အဆိုပါဆင်စခန်းဝင်းအတွင်း၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးမျိုးချစ်၊ ခရိုင်သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဆန်းဆင့် ၊ သံတွဲသစ်ထုတ်ရေးဒေသ၊ ဒေသတာဝန်ခံမန်နေဂျာ ဦးသန်းဝင်း တို့က စာနီတောင်ဆင်စခန်းအားဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။ 


ထို့နောက် သံတွဲသစ်ထုတ်ရေးဒေသ၊ ဒေသတာဝန်ခံမန်နေဂျာ ဦးသန်းဝင်းက စာနီတောင်ဆင်စခန်းဆိုင်ရာ အချက်အလက်များကိုရှင်းလင်းတင်ပြခဲ့သည်။ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် တာဝန်ရှိသူများသည် ဆင်စခန်းရှိ ဆင်များအားအမွှေးနံသာရည်များပက်ဖြန်းပေးကြပြီး အစာများကျွေးမွေးကြကာ စခန်းအတွင်းပြင်ဆင်ထားရှိမှုများကို လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များကိုလမ်းညွှန်မှာကြားခဲ့သည်။


အဆိုပါဆင်စခန်းသည် ငပလီမြို့နှင့် (၆)မိုင်အကွာ သံတွဲ-ဂွ ကားလမ်းမကြီးဘေး သံတွဲမြို့အထွက်တွင်တည်ရှိပြီး (၄.၃၆)ဧကကျယ်ဝန်းကြောင်းသိရသည်။ စာနီတောင် ဆင်စခန်းဖွင့်လှစ်ရခြင်းမှာ ငပလီကမ်းခြေသို့အပန်းဖြေအနားယူရန်လာရောက်သည့် ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များအားအမှီပြု၍ သဘာဝအခြေခံခရီးသွားလုပ်ငန်းတစ်ခုဖွံ့ဖြိုး လာစေရန်၊ ဌာနဝင်ငွေတစ်ဖက်တစ်လမ်းမှရရှိနိုင်စေရန်နှင့် ဌာနပိုင်ဆင်များအားကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန် ရည်ရွယ်၍ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ဒေသတာဝန်ခံမန်နေဂျာ ဦးသန်းဝင်း ထံမှသိရှိရသည်။


၎င်းဆင်စခန်းသို့ ပြည်တွင်း/ပြည်ပခရီးသွားဧည့်သည်များ၊ဒေသခံပြည်သူများ လာရောက် အပန်းဖြေအနားယူလည်ပတ်၍ ဆင်စီးနိုင်ပါကြောင်းနှင့် ဝင်ကြေးအဖြစ် လူတစ်ဦးလျှင် (၁၀၀ဝိ/-)၊ ဆင်စီးလျှင်လူတစ်ဦး (၅၀၀ဝိ/-)နှုန်းကျသင့်မည်ဖြစ်ကြောင်း သိရှိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)