MNP - ဖေဖော်ဝါရီ ၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ဝမ်ဟေးကျေးရွာအုပ်စု ပန်လော့ကျေးရွာနေ တောင်သူ မနန်းပေါက်၏ ယာခင်းအတွင်း ဖူးစားပြောင်းများ စတင်စိုက်ပျိုးထားကြောင်း သိရသည်။
မိုးနဲမြို့နယ်တွင် ဖူးစားပြောင်းအဖြစ် ရှမ်းပြောင်းနှင့် သကြားပြောင်း (၂) မျိုးကိုသာ စိုက်ပျိုးကြကြောင်း၊ ယခု မိမိယာခင်းအတွင်း ရှမ်းပြောင်းကို စိုက်ပျိုးထားကြောင်း၊ ယာခင်းအတွင်း မုန့်ညင်းဖြူ၊ ရွှေပဲရွက်တို့ကိုပါ စိုက်ပျိုးထားကြောင်း၊ ဖူးစားပြောင်းစတင်စိုက်ပျိုးချိန်တွင် တစ်တွင်းလျှင် (၃) စေ့ထည့်၍ စိုက်ပျိုးထားကြောင်း၊ (၁)ပေခြား ခန့်မှန်းစိုက်ပျိုးထားကြောင်း၊ တစ်ပတ်ကြာချိန်တွင် မြေဆွပေါင်းသင်ပြီး ပုလဲမြေဩဇာကို ပတ်ဖျန်းပေးထားကြောင်း၊ ယာခင်းအတွင်း တွင်းရေရရှိရန် တူးဖော်ထားပြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးထားသည့်အတွက် ညနေတိုင်း ရေလောင်းပေးကြောင်း၊ ယခင်နှစ် ဖူးစားပြောင်းများစိုက်ပျိုးပြီး ပြုတ်၍ ရောင်းချရာတွင် (၃) ဖူး တစ်ထုတ် (၄) ဖူးတစ်ထုတ်လျှင် ကျပ် (၁၀၀၀) ရရှိကြောင်း ယခု ဖူးစားပြောင်းများ ရောင်းချရာတွင်လည်း ဈေးကောင်းရရှိရန် မျှော်လင့်နေကြောင်း မနန်းပေါက်ထံမှသိရသည်။
ဇင်ကိုကို
https://t.me/MyanmarNationalPost
No comments:
Post a Comment