MNP - ဖေဖော်ဝါရီ ၄
ရခိုင်ပြည်နယ် ၊ မြောက်ဦးခရိုင် ၊ မြောက်ဦးမြို့၌ မြို့မဈေးကြီးအား မီးဘေးအန္တရာယ် ကြို တင်ကာကွယ်နိုင်ရန်အတွက် မီးသတ်ဦးစီးဌာန နှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ယနေ့ နံနက် ၁၁ နာရီအချိန်က ဈေးရောင်းသူများအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာန မှ မြို့နယ်ဦးစီးမှူး ဦးလှဝင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဗူးဖြင့် စနစ်တကျ မီးငြိမ်းသတ်မှုများကို ရှင်းလင်းပြောကြားပြီး မီးလောင်မှုဖြစ်ပွားနေစဉ် မီးသတ်ဆေးဗူးဖြင့် မီးငြိမ်းသတ်စေရန် ဆီ၊ မီး လောင်ကျွမ်းမှုများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်း နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာ ရေးအဖွဲ့ ဒုတိယဦးစီးမှူး ဦးမောင်မောင် တို့က မီးဘေးအန္တရာယ်ကြို တင်ကာ ကွယ် ရေး အတွက် ရေကန်များ၊ ရေပိုက်ခေါင်းများ၊ မီးချတ်၊ မီးကပ်များ၊ မီးသတ်ဆေးဗူးများ ထားရှိမှု၊ မီးသတ်ဆေးဗူးများဟောင်းနွမ်းနေပါက အသစ်လဲလှယ် တပ်ဆင်ကြစေရန် နှင့် ဈေးအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခြင်း၊ ဈေးအနီးအနားတွင် ဈေးရောင်းချသည့် ဆိုင်ရှေ့ ရေမြောင်း များ အတွင်း ရေများပိတ်ဆိုမှုမဖြစ်ပေါ်စေရေး နှင့် စွန့်ပစ်အမှိုက်များအား စနစ်တကျ စွန့်ပစ်စေ ရေး တို့ ကို ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်၊၊
မြင့်စိုး ၊ စိုးငြိမ်းနိုင်
https://t.me/MyanmarNationalPost
No comments:
Post a Comment