MNP - ဖေဖော်ဝါရီ ၂၂
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း(မိတ္ထီလာ)တွင် သီးနှံအခြေခံစားသောက်ကုန်သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်က အဆိုပါသင်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
သီးနှံအခြေခံစားသောက်ကုန်သင်တန်း ဖွင့်ပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရက်ကန်းနှင့်အသက်မွေးပညာ သင်တန်းကျောင်း (မိတ္ထီလာ)ကျောင်းအုပ်ကြီး ဒေါ်ခင်စန်းတင်ကရာသီအလိုက်ထွက်ရှိသော အသီးအနှံများအား အကျိုးရှိစွာ အသုံးချတက်စေရန်၊ ကျန်းမာရေးနှင့် သင့်လျောသော စားသောက်ကုန်များ ထုတ်လုပ်နိုင်စေရန်၊ ဘေးဥပါဒ်ကင်းမဖြစ်ရေးကို အဓိကထားသော စားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်လာစေရန်၊ ကိုယ်ပိုင်စမ်းသပ်တီထွင်သော ထုတ်ကုန်အမယ်သစ်များ ပေါ်ထွက်လာစေရန်နှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်း ငယ်လေးများမှတစ်ဆင့် မိသားစုဝင်ငွေရရှိစေရန်တို့ကို ရည်ရွယ်၍ သီးနှံအခြေခံစားသောက်ကုန် သင်တန်းကို ဖွင့်လှစ်သင်ကြားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါသီးနှံအခြေခံစားသောက်ကုန်သင်တန်းကို သင်တန်းသားသင်တန်းသူ (၂၀)ဦး တက်ရောက်ပြီးသင်တန်းကာလမှာ ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှ ၂၇ ရက်နေ့အထိ အစားအစာများတွင် ကျရောက်တက်သော ဘေးအန္တရာယ်များ၊ စားသောက်ကုန်များ ဘေးအန္တရာယ် ကင်းရှင်းရန် လိုအပ်သောအချက်များ၊ အသီးအနှံများ ပျက်စီးရခြင်းအကြောင်းအရင်းများ၊ ကျန်းမာရေးနှင့် ညီညွတ်သော စားသောက်ကုန်ဖြစ်လာစေရန်၊ ဖျော်ရည်မျိုးစုံပြုလုပ်နည်း၊ ယိုမျိုစုံပြုလုပ်နည်း၊ ဆော့(စ်)ပြုလုပ်နည်း၊ ဂျယ်လီပြုလုပ်နည်းနှင့် ဝိုင်ပြုလုပ်နည်း စသည်တို့ကို စာတွေ့လက်တွေ့သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်
https://t.me/MyanmarNationalPost
No comments:
Post a Comment