ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ဘုတ်ပြသ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျောက်ဖြူမြို့၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ် နံရံကပ်ဘုတ်ပြသ




MNP   -   ဖေဖော်ဝါရီ      ၁၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး မြေစိုက် နံရံကပ်ပြဘုတ်၌ (၇၅)နှစ်မြောက် မြန်မာ-ရုရှား သံတမန်ဆက်ဆံရေးထူထောင်မှု အထိမ်းအမှတ် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ယမန်နေ့ နံနက်ပိုင်းက အများပြည်သူ သိရှိ လေ့လာနိုင်ရန်အတွက် ပြသ‌ဆောင်ရွက်ခဲ့သည်။


အဆိုပါ မြေစိုက်နံရံကပ်ပြဘုတ်တွင် ဖေဖော်ဝါရီ ၁၈ ရက်နေ့တွင်ကျရောက်မည့် (၇၅)နှစ် မြောက် မြန်မာ-ရုရှား တို့၏ သံတမန်ဆက်ဆံရေး ထူထောင်မှုအထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု ချစ်ကြည်ရေးခရီးစဉ်မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီးအကဲများ၏ တွေ့ဆုံမှု မှတ်တမ်းဓာတ်ပုံများ၊ မြန်မာ-ရုရှား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ နိုင်ငံတော်အကြီး အကဲများ၏ အ‌ရှေ့ဖျားရေငုပ်သင်္ဘောဌာနချုပ်၊ အာကာသလွှတ်တင်ရေးစခန်း၊ လေယာဉ်ထုတ်လုပ်ရေးစက်ရုံအတွင်း လေ့လာကြည့်ရှုခဲ့သည့် မှတ်တမ်းဓာတ်ပုံများအား ပြသထား ရာ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများမှ စိတ်ပါဝင်စားစွာဖြင့် လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။ 


တင်ထွန်းဦး

 https://t.me/MyanmarNationalPost



No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)