ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ပေးအပ်


MNP  -    ဖေဖော်ဝါရီ ၄

ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၂-၂၀၂၃ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်များ ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက ကော့သောင်းမြို့ပေါ် ရပ်ကွက်များအတွင်း ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးအပ်လျက်ရှိကြောင်း သိရသည်။


အဆိုပါ ပေးအပ်မှုတွင် လူမှုဝန်ထမ်းဦးစီးဌာန ဘတ်ဂျက်ရန်ပုံငွေဖြင့် အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ငွေများ ပေးအပ်ခြင်းဖြစ်ပြီး ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်တွင် ၂၀၂၂-၂၀၂၃ ခု၊ ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးခံစားလျက်ရှိသည့် သက်ကြီးဘိုးဘွား(၂၁၆)ဦးရှိရာ ဘိုးဘွားတစ်ဦးလျင် (၃၀၀၀၀ိ/-)နှုန်းဖြင့် ထောက်ပံ့ငွေ စုစုပေါင်း (၆၄၈၀၀၀၀/-) ကျပ်ခြောက်ဆယ်‌လေးသိန်းရှစ်သောင်းတိတိကို ထောက်ပံ့ပေးအပ် သွားမည်ဖြစ်သည်။


ကော့သောင်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွား (၁၂၁)ဦးအား ကော့သောင်းခရိုင်၊ လူမှုဝန်ထမ်းဦးစီးဌာနဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ (၃၀-၁-၂၀၂၃) ရက်နေ့မှစတင်ကာ အိမ်တိုင်ရာရောက် လိုက်လံပေးအပ် လျက်ရှိကြောင်း၊ ခရီးကွာဝေးသည့် ကျေးရွာအုပ်စုများရှိ သက်ကြီးဘိုးဘွား(၉၅)ဦးအား ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးဝန်ထမ်းများ မှတဆင့် ပေးအပ်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)