နည်းပညာတက္ကသိုလ်(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နည်းပညာတက္ကသိုလ်(မော်လမြိုင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား

 




MNP  -   ဖေဖော်ဝါရီ ၄

နည်းပညာတက္ကသိုလ်(မော်လမြိုင်)၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ဖွင့်လှစ်သည့် ပထမနှစ်သင်တန်းသို့ တက်ရောက်ခွင့်ရရှိသည့်ကျောင်းသား/ကျောင်းသူများအား ကြိုဆိုသည့် မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယမန်နေ့နေ့လယ်ပိုင်းက အဆိုပါတက္ကသိုလ်ခန်းမ၌ ကျင်းပခဲ့သည်။


မောင်မယ်သစ်လွင်ကြိုဆိုပွဲတွင် မွန်ပြည်နယ်ဝန်ကြီးချုပ် ဦး‌အောင်ကြည်သိန်းက နည်းပညာတက္ကသိုလ်(မော်လမြိုင်)ကို ၁၅-၁၂-၁၉၈၂ ရက်နေ့တွင် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းအဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး (၁၂-၈-၁၉၉၉) ရက်နေ့တွင် အစိုးရနည်းပညာကောလိပ် အဖြစ်လည်းကောင်း၊ (၂၀-၁-၂၀၀၇)ရက်နေ့တွင် နည်းပညာတက္ကသိုလ်အဆင့်သို့ လည်းကောင်း တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ နည်းပညာတက္ကသိုလ်(မော်လမြိုင်)တွင် သင်တန်း ကာလ(၆)နှစ်ဖြင့် မြို့ပြအင်ဂျင်နီယာသင်တန်း၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာသင်တန်း၊ စက်မှုအင်ဂျင်နီယာသင်တန်းနှင့် သုတနည်းပညာအင်ဂျင်နီယာသင်တန်းတို့ကို ဖွင့်လှစ်သင်ကြား လျက်ရှိပါကြောင်း၊ ကမ္ဘာ့လူ့အဖွဲ့အစည်းသည် အသိပညာလူ့အဖွဲ့အစည်း (KnowledgeSociety)အဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားခဲ့ပြီးဖြစ်တာကြောင့် အသိပညာ၊ အတတ်ပညာတို့ကို ကြိုးစားရှာဖွေသင်ယူနိုင်မှသာလူ့အဖွဲ့အစည်းထဲမှာ အောင်မြင်သူတွေ ဖြစ်လာနိုင်မှာဖြစ်ပါကြောင်း မိမိရည်မှန်းချက်ကို ပျက်ပြားစေမယ့်အနှောင့်အယှက်၊ အဟန့် အတားများကို ရင်ဆိုင်ကျော်လွှားပြီး ရည်မှန်းထားတဲ့ ပညာရပ်နယ်ပယ်ကို ပေါက်မြောက်အောင်မြင်အောင် ကြိုးစားသင်ယူပါလို့ မှာကြားလိုပါကြောင်း၊ ဆရာ၊ ဆရာမများကို မှာကြားလိုသည်မှာ သတင်းအချက်အလက်ကြွယ်ဝပြီး၊ စဉ်ဆက်မပြတ် ပြောင်းလဲသော ပတ်ဝန်းကျင်တွင် ကျောင်းသား/သူများကို ထိထိရောက်ရောက် သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းနှင့် သင်ကြား/သင်ယူမှုလုပ်ငန်းစဉ်ကို မည်သို့ အသွင်ပြောင်း ရမည်ဆိုသည့်အချက်သည် ပညာရေးစနစ်အတွက် အရေးကြီးပါကြောင်း ပညာသင်ကြားရေးတွင် စာသင်ကျောင်းသည် စာပေသင်ကြားပေးသည့် နေရာသက်သက်သာ မဟုတ်ဘဲ ပညာရေး၏အနှစ်သာရဖြစ်သည့် အသိဉာဏ်ပညာဆိုင်ရာဗဟုသုတများ ပေးအပ်ခြင်း၊ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ အမှားအမှန်ခွဲခြား သုံးသပ်နိုင်စွမ်းနှင့် နိုင်ငံသားကျင့်ဝတ်၊ လူမှုကျင့်ဝတ်များကို သင်ကြားပေးနိုင်ရန် အားထုတ်ကြိုးပမ်းဖို့ လိုအပ်ကြောင်းကျောင်းသား၊ ကျောင်းသူများအားလုံးကျန်းမာရေး သုတပြည့်ဝအောင် ကျန်းမာရေးအသိပညာ လေ့လာလိုက်စားပြီး မိမိကိုယ်ကိုကျန်းမာအောင် နေထိုင်ကျင့်ကြံကြပါ မိမိအသက်မွေးမှု အတတ်ပညာသာမက အင်္ဂလိပ်စာနဲ့ အခြားဘာသာစာပေများ၊ ဗဟုသုတစာပေများ လေ့လာဆည်းပူးကြပါလို့ အဖွင့်အမှာစကားပြောကြားပြီး မော်လမြိုင်တက္ကသိုလ် ဒုတိယပါ မောက္ခချုပ် ဒေါက်တာမင်းဇော်အောင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့သည်။


ထို့နောက်ကျောင်းသား/သူများက “သွေးချင်းတို့ဌာနေမြန်မာပြည်” လယ်သမားယိမ်း” “မဟာသီချင်း”များဖြင့် ဖျော်ဖြေတင်ဆက်ကပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် အစိုးရအဖွဲ့၀င်၀န်ကြီးတို့က သင်တန်းအသီးသီးတွင် ပထမအဆင့်ဖြင့် အောင်မြင်ခဲ့ကြသော ကျောင်းသားကျောင်းသူများအား ပညာရည်ထူးချွန်ဆုများချီးမြှင့်ခဲ့ကာ နည်းပညာ တက္ကသိုလ် (မော်လမြိုင်)အတွက် အားကစားပစ္စည်းများနှင့်ထောက်ပံ့ငွေ (၁၀၀၀၀၀/-)ဆယ်သိန်းအား ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ နည်းပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ်က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။


ခင်စန်းမြင့်

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)