(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‌ကျေးရွာတွင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ဆီဆိုင်မြို့နယ်၌ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ‌ကျေးရွာတွင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ဆီဆိုင်မြို့နယ်၌ ကျင်းပ




MNP  -   ဖေဖော်ဝါရီ ၈

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စီမံကိန်း(VDP)ထောက်ပံ့ရန်ပုံငွေ၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေတို့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာ၌ ကျေးရွာတွင်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို  ယမန်နေ့ နံနက် ၁၀ နာရီက အဆိုပါလမ်းမုခ်ဦးတွင် ကျင်းပသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆန်းဦးနှင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထျာရယ်တို့က ဆောင်ရွက်ပြီး ဖွံ့ဖြိုးရေးလုပ်ငန်း များကို ကျေးရွာသူ/ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းကြရန် အဖွင့်အမှာစကား ပြောကြားပြီး ဟော်တောင်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးက ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ပေးမှုများနှင့်ပတ်သက်၍ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးတို့က  ဟော်တောင်ကျေးရွာတွင်း ကတ္တရာလမ်းသစ်ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ကတ္တရာလမ်းသစ်အား လှည့်လည်ကြည့်ရှု အားပေးကြသည်။


အဆိုပါ နောင်ကျောကျေးရွာအုပ်စု၊ ဟော်တောင်ကျေးရွာတွင်း ကတ္တရာလမ်းသစ်သည် လမ်းအရှည်ပေ ၆၀၀၊ အကျယ် ၁၂ ပေ၊ အမြင့် ၉ လက်မရှိ ကတ္တရာလမ်းကို ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း ထောက်ပံ့ရန်ပုံငွေကျပ် (၁၀.၀၀)သန်း၊ ပြည်သူလူထုလူ ထည့်ဝင်ငွေကျပ်(၃.၅၅)သန်း အသုံးပြုကာ ဦးစီးဌာနဝန်ထမ်းများ၏ နည်းပညာပံ့ပိုးမှု၊ အနီးကပ် ကြီးကြပ်မှုတို့ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)