MNP - ဖေဖော်ဝါရီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာကော်မတီတို့ပူးပေါင်း၍ အမျိုးသမီးအကြမ်းဖက်မှုပပျောက်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ် စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ပုဇွန်တောင်မြို့နယ် လူထုအခြေပြဗဟိုပြုဌာနတွင် ပြုလုပ်ခဲ့သည်။
အဆိုပါအသိပညာပေးဟောပြောပွဲ၊ ဓာတ်ပုံပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဟန်စုယဉ်က ဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်း၏ရည်ရွယ်ချက်များကိုပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်ခိုင်သီတာမြင့်က အမျိုးသမီးများအပေါ် အကြမ်းဖက်မှုနှင့်ပတ်သက်သည့် အဓိပ္ပါယ်ဖွင့်ဆိုချက်၊ အကြမ်းဖက်ခံရသူအပေါ် အပြစ်ဖို့ခြင်းအကြောင်းနှင့် အမျိုးသမီးများကို အတင်းအကြပ်အနိုင်အထက်ပြုလက်ထပ်ခြင်းနှင့်ပတ်သက်သည့်အကြောင်း၊ အမျိုးသမီးများအကြမ်းဖက်ခံရပါက ဆက်သွယ်အကူအညီတောင်းခံနိုင်မည့်နည်းလမ်းများ၊ အမျိုးသမီးများနှင့်ပတ်သက်၍ ဥပဒေပြဌာန်း ထားရှိမှုများအား ဟောပြောခဲ့ပြီး တက်ရောက်လာသူများက ခင်းကျင်းပြသထားသော စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို စိတ်ဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်
https://t.me/MyanmarNationalPost
No comments:
Post a Comment