မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ပလင်ကျေးရွာ တွင်အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ပလင်ကျေးရွာ တွင်အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ဖွင့်လှစ်






MNP  -    ဖေဖေါ်ဝါရီ ၂

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ် ပလင်ကျေးရွာအုပ်စု၊ပလင်ကျေးရွာတွင် အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်လှစ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီခွဲက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


       ရှေးဦးစွာ ကျောင်းဆိုင်းဘုတ်အား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၊အဖွဲ့ဝင် ဦးကျော်မြ၊ပြည်နယ်ပညာရေးမှူး(ငြိမ်း)ဦးတင်သိန်း၊မြို့နယ်ပညာရေးမှူးဦးအောင်စံကျော်၊ပလင်ကျေးရွာအုပ်စု၊အုပ်ချုပ်ရေးမှူးဦးမောင်ဝင်းလှိုင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ကျောင်းဆိုင်းဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကြသည်။


    ၎င်းနောက် အခမ်းအနားကိုဆက်လက်ကျင်းပရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊အဖွဲ့ဝင်ဦးကျော်မြ၊ပြည်နယ်ပညာရေးမှူး(ငြိမ်း)ဦးတင်သိန်းတို့ကအဖွင့်အမှာစကားပြောကြားရာတွင် အလယ်တန်းကျောင်းတိုးမြှင့်ဖွင့်လှစ်ပြီး ရောင့်ရဲတင်းတိမ်မနေကြဘဲကျောင်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဆောင်ကြရမည်ဖြစ်ကြောင်း၊ဆရာ/ဆရာမများကလည်းကျောင်းသား/ကျောင်းသူများအား ထူးချွန်ထက်မြက်ပြီးအကျင့်စာရိတ္တကောင်းမွန်တဲ့ကျောင်းသား/သူများပေါ်ထွန်းလာအောင်သင်ကြားပေးရမည်ဖြစ်ကြောင်း၊မိဘ၊ဆရာ၊ကျောင်းသားပူးပေါင်း ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။


     ထို့နောက် မြို့နယ်ပညာရေးမှူး ဦးအောင်စံကျော်က ကျောင်းများဖွင့်လှစ်ပေးခြင်းနှင့် အဆင့်တိုးမြှင့်ခြင်းများ ဆောင်ရွက်ရခြင်းအကြောင်းများကို ရှင်းလင်းပြောကြားသည်။ယင်းနောက် ကျောင်းအုပ်ကြီး(တာဝန်ခံ)ဒေါ်မော်မော်နိုင်မှကျောင်း သမိုင်းဖြစ်စဥ်များကိုလည်းကောင်း၊ကျောင်းကော်မတီဝင်တစ်ဦးကကျေးဇူးတင် တင်စကားကိုလည်းကောင်း၊ပြောကြားကြပြီး ကျောင်းဖွင့်ပွဲအထိမ်းအမှတ်အလံများအား ပေးအပ်ခဲ့ကာ ကျောင်းသား/သူများက အကပဒေသာများဖြင့်ကပြ ဖျော်ဖြေခဲ့ကြောင်းသိရသည်။


ဦးသိန်းဖေ

 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)